11. ထိုအနာသည်ဆိုးရွားသောအရေပြားရောဂါ ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့် ရှင်းဟုအဆုံးအဖြတ်ပေးရမည်။ ထိုသူ၌ ရောဂါဆိုးစွဲလျက်ရှိကြောင်း သိသာထင်ရှား သဖြင့်သူ့အားသီးခြားနေထိုင်စေရန်မလို။-
12. အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊-
13. ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံ၍စစ် ဆေးရမည်။ သူ၏အနာသည် တစ်ကိုယ်လုံးပြန့် နှံ့သွားကြောင်းတွေ့ရှိရလျှင် ယဇ်ပုရောဟိတ် သည်သူ့အားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ သူသည်တစ် ကိုယ်လုံးဖြူဆွတ်သွားလျှင်ဘာသာရေးထုံး နည်းအရသန့်ရှင်းစင်ကြယ်၏။-
14. သို့ရာတွင်ထိုသူ၏ကိုယ်ပေါ်၌ အနာပေါက်လာ သည်နှင့်တစ်ပြိုင်နက်သူသည်မသန့်ရှင်းချေ။-
15. ထိုအခါယဇ်ပုရောဟိတ်သည်သူ့အားတစ်ဖန် စစ်ဆေး၍ ကိုယ်ပေါ်၌အနာပေါက်နေသည်ကို တွေ့ရှိရလျှင် သူ့ကိုမသန့်ရှင်းဟုဆုံးဖြတ်ရ မည်။ အနာပေါက်လာခြင်းသည်ဆိုးရွားသော ကိုယ်ရေပြားရောဂါစွဲခြင်းလက္ခဏာဖြစ်၍ ထိုသူသည်မသန့်ရှင်းချေ။-
16. အနာသည်ပျောက်ကင်း၍တစ်ဖန်ဖြူလာ လျှင် သူသည်ယဇ်ပုရောဟိတ်ထံသို့သွား ရမည်။-
17. ယဇ်ပုရောဟိတ်သည်သူ့ကိုတစ်ဖန်စစ်ဆေး ရမည်။ အနာသည်ပြန်၍ဖြူလာလျှင် သူသည် ဘာသာရေးထုံးနည်းအရစင်ကြယ်၏။ ယဇ် ပုရောဟိတ်သည်လည်းသူ့အားစင်ကြယ် သည်ဟုအဆုံးအဖြတ်ပေးရမည်။
18. တစ်စုံတစ်ယောက်သောသူ၏ကိုယ်ရေပြားပေါ် တွင် ပျောက်ကင်းသွားသောအနာစိမ်းနေရာ၌၊-
19. ဖြူသောအဖုဖြစ်စေ၊ နီဖျော့ဖျော့အကွက်ဖြစ် စေပေါ်လာလျှင် သူသည်ယဇ်ပုရောဟိတ်ထံ သို့သွားရမည်။-
20. ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီးနောက် အနာတွင်းနက်လျက် အနာပေါ်ရှိအမွေးများ ဖြူလာကြောင်းတွေ့ရှိရလျှင် ထိုသူအားမသန့် ရှင်းဟုဆုံးဖြတ်ရမည်။ ထိုအနာသည်အနာ စိမ်းနေရာမှဖြစ်ပေါ်လာသောဆိုးရွားသည့် ကိုယ်ရေပြားရောဂါဖြစ်သည်။-
21. ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။-
22. အနာကွက်ပြန့်ပွားလာကြောင်းကိုတွေ့ရှိရ လျှင် ထိုသူ၌ရောဂါစွဲကပ်ပြီးဖြစ်၍သူ အားမသန့်ရှင်းဟုဆုံးဖြတ်ရမည်။-
23. သို့ရာတွင်အနာကွက်သည်မပြန့်ပွားဘဲ နဂိုမူလအတိုင်းရှိနေလျှင် အနာစိမ်း၏ အမာရွတ်မျှသာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်ကထိုသူအားဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။