ဝတ်​ပြု 13:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။-

2. တစ်​စုံ​တစ်​ယောက်​တွင်​အ​ရေ​ပြား​၌​အ​နာ​စိမ်း ဖြစ်​စေ၊ ဖူး​ယောင်​နာ​ဖြစ်​စေ၊ အ​နာ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သ​ဖြင့် ဆိုး​ရွား​သော​ကိုယ်​ရေ​ပြား​ရော​ဂါ စွဲ​မည့်​လက္ခ​ဏာ​ရှိ​လာ​လျှင် ထို​သူ​ကို​အာ​ရုန်​မှ ဆင်း​သက်​သော​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-

3. ယဇ်​ပု​ရော​ဟိတ်​သည်​အ​နာ​ကို​စစ်​ဆေး​ပြီး လျှင် အ​နာ​ပေါ်​ရှိ​အ​မွေး​များ​ဖြူ​၍​အ​နာ တွင်း​နက်​နေ​လျှင် ထို​သူ​၌​ဆိုး​ဝါး​သော​ကိုယ် ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​ပြီ​ဖြစ်​သော​ကြောင့် မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။-

4. သို့​ရာ​တွင်​အ​နာ​ကွက်​ဖြူ​သော်​လည်း အ​မွေး မ​ဖြူ၊ အ​နာ​ကွက်​လည်း​ချိုင့်​နေ​ဟန်​မ​ရှိ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား​ခု​နစ်​ရက် ပတ်​လုံး​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-

5. သတ္တ​မ​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အား ထပ်​မံ​စစ်​ဆေး​ပြီး​အ​နာ​သည် ပ​က​တိ​အ​တိုင်း ပြန့်​ပွား​မှု​မ​ရှိ​ဟု​ထင်​မြင်​လျှင် ထို​သူ​အား ခု​နစ်​ရက်​ထပ်​မံ​သီး​ခြား​နေ​ထိုင်​စေ​ရ​မည်။-

6. တစ်​ဖန်​သတ္တ​မ​နေ့​၌​ထို​သူ​အား​ထပ်​မံ​စစ်​ဆေး ၍ အ​နာ​ညိုး​လျက်​မ​ပြန့်​ပွား​ကြောင်း​တွေ့​ရ​လျှင် ရိုး​ရိုး​အ​နာ​ဖြစ်​သ​ဖြင့်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​ရှင်း​သည်​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး​ရ မည်။ ထို​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​လျှော်​ဖွပ် ပြီး​နောက် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း စင်​ကြယ်​လာ​လိမ့်​မည်။-

7. သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏ အ​နာ​ကို​စစ်​ဆေး​၍ သန့်​ရှင်း​သူ​ဟု​အ​ဆုံး အ​ဖြတ်​ပေး​ပြီး​နောက်​မှ​အ​နာ​ပြန့်​ပွား​လာ လျှင် ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​၌​တစ် ဖန်​အ​စစ်​ဆေး​ခံ​ရ​မည်။-

8. ယဇ်​ပု​ရော​ဟိတ်​သည်​သူ​၏​အ​နာ​ကို​ထပ်​မံ စစ်​ဆေး​၍​အ​နာ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း တွေ့​ရ​လျှင် ထို​အ​နာ​သည်​ဆိုး​ရွား​သော​ကိုယ် ရေ​ပြား​ရော​ဂါ​ဖြစ်​သော​ကြောင့် ထို​သူ​အား မ​သန့်​ရှင်း​သူ​ဟူ​၍​အ​ဆုံး​အ​ဖြတ်​ပေး ရ​မည်။

40-41. အ​မျိုး​သား​သို့​မ​ဟုတ် အ​မျိုး​သ​မီး​တစ် ယောက်​၏​ဦး​ခေါင်း​အ​နောက်​ပိုင်း​မှ​ဖြစ်​စေ၊ အ​ရှေ့​ပိုင်း​မှ​ဖြစ်​စေ​ဆံ​ပင်​များ​ကျွတ်​လျှင် မ​သန့်​ရှင်း​သူ​ဟူ​၍​မ​သတ်​မှတ်​ရ။-

ဝတ်​ပြု 13