ဝတ်​ပြု 11:9-38 Common Language Bible (BCL)

9. သင်​တို့​သည်​ဆူး​တောင်​နှင့်​အ​ကြေး​ရှိ​သော ငါး​များ​ကို​စား​နိုင်​သည်။-

10. သို့​ရာ​တွင်​ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ သော​ရေ​သတ္တ​ဝါ​များ​ကို​မ​စား​ရ။-

11. ထို​သတ္တ​ဝါ​များ​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ ရ​မည်။ သင်​တို့​သည်​ထို​သတ္တ​ဝါ​များ​ကို မ​စား​ရ၊ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ ရ။-

12. ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ​သော​ရေ သတ္တ​ဝါ​ဟူ​သ​မျှ​ကို​မ​စား​ရ။

22. သင်​တို့​သည်​ကျိုင်း​ကောင်၊ ပ​ရစ်​နှင့်​နှံ​ကောင်​များ ကို​စား​နိုင်​သည်။-

23. သို့​ရာ​တွင်​အ​တောင်​ရှိ​၍​တွား​သွား​တတ်​သော အ​ခြား​အ​ကောင်​ငယ်​ရှိ​သ​မျှ​ကို မ​သန့်​ရှင်း ဟု​မှတ်​ယူ​ရ​မည်။

31. ထို​သတ္တ​ဝါ​တို့​ကို​ဖြစ်​စေ၊ ၎င်း​တို့​၏​အ​သေ ကောင်​များ​ကို​ဖြစ်​စေ​ကိုင်​တွယ်​မိ​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။-

32. သစ်​သား၊ အ​ဝတ်၊ သား​ရေ၊ လျှော်​တေ​စ​သည် တို့​ဖြင့်​ပြု​လုပ်​သော​မည်​သည့်​အ​သုံး​အ​ဆောင် များ​ပေါ်​သို့​မ​ဆို ထို​သတ္တ​ဝါ​တို့​၏​အ​သေ ကောင်​များ​ကျ​ခဲ့​သော် ယင်း​အ​သုံး​အ​ဆောင် သည်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။ ယင်း​ကဲ့ သို့​ညစ်​ညမ်း​သွား​သော​အ​သုံး​အ​ဆောင်​ကို ရေ​ထဲ​၌​နှစ်​ရ​မည်။ သို့​ရာ​တွင်​ထို​အ​သုံး အ​ဆောင်​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း ဘဲ​ရှိ​လိမ့်​မည်။-

33. အ​သေ​ကောင်​များ​မြေ​အိုး​ထဲ​သို့​ကျ​လျှင် အိုး​ထဲ​ရှိ​သ​မျှ​သည်​လည်း ညစ်​ညမ်း​ကုန် သ​ဖြင့်​အိုး​ကို​ခွဲ​ရ​မည်။-

34. မ​သန့်​ရှင်း​သော​ထို​အိုး​မှ​ရေ​သည်​စား​စ​ရာ ပေါ်​သို့​ကျ​လျှင် ထို​စား​စ​ရာ​သည်​လည်း မ​သန့်​ရှင်း​ချေ။ ထို​အိုး​မှ​သောက်​ရေ​သည် လည်း​မ​သန့်​ရှင်း။-

35. မြေ​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​ပေါ်​သို့​ထို သတ္တ​ဝါ​တို့​၏​အ​သေ​ကောင်​များ​ကျ​လျှင် ထို​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​သည်​မ​သန့် ရှင်း​သ​ဖြင့်​ခွဲ​ပစ်​လိုက်​ရ​မည်။-

36. သို့​ရာ​တွင်​စမ်း​ရေ​တွင်း​သို့​မ​ဟုတ်​ရေ​လှောင် ကန်​ထဲ​သို့​အ​သေ​ကောင်​ကျ​လျှင် ထို​ရေ​သည် မ​ညစ်​ညမ်း။ ထို​အ​သေ​ကောင်​နှင့်​ထိ​မိ​သော အ​ရာ​သာ​လျှင်​ညစ်​ညမ်း​သည်။-

37. ကြဲ​မည့်​မျိုး​စေ့​ပေါ်​သို့​အ​သေ​ကောင်​ကျ လျှင် မျိုး​စေ့​သည်​မ​ညစ်​ညမ်း။-

38. သို့​ရာ​တွင်​ရေ​စိမ်​ထား​သော​မျိုး​စေ့​ပေါ် သို့​အ​သေ​ကောင်​ကျ​လျှင် ထို​မျိုး​စေ့​သည် မ​သန့်​ရှင်း။

ဝတ်​ပြု 11