7. ဝက်သားကိုလည်းမစားရ။ ဝက်တို့သည်ခွာ ကွဲသော်လည်းစားမြုံ့မပြန်သဖြင့် စားရန် မသန့်ရှင်းဟုမှတ်ယူရမည်။-
8. သင်တို့သည်ထိုတိရစ္ဆာန်တို့၏အသားကို မစားရ။ အသေကောင်များကိုပင်မထိရ။ ယင်းတို့ကိုမသန့်ရှင်းဟုမှတ်ယူရမည်။
9. သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးများကိုစားနိုင်သည်။-
10. သို့ရာတွင်ဆူးတောင်နှင့်အကြေးမပါရှိ သောရေသတ္တဝါများကိုမစားရ။-
11. ထိုသတ္တဝါများကိုမသန့်ရှင်းဟုမှတ်ယူ ရမည်။ သင်တို့သည်ထိုသတ္တဝါများကို မစားရ၊ အသေကောင်များကိုပင်မထိ ရ။-
12. ဆူးတောင်နှင့်အကြေးမပါရှိသောရေ သတ္တဝါဟူသမျှကိုမစားရ။
22. သင်တို့သည်ကျိုင်းကောင်၊ ပရစ်နှင့်နှံကောင်များ ကိုစားနိုင်သည်။-
23. သို့ရာတွင်အတောင်ရှိ၍တွားသွားတတ်သော အခြားအကောင်ငယ်ရှိသမျှကို မသန့်ရှင်း ဟုမှတ်ယူရမည်။
31. ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။-