ဝတ်​ပြု 11:40-47 Common Language Bible (BCL)

40. ထို​အ​သေ​ကောင်​၏​အ​သား​ကို​စား​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ထို အ​သေ​ကောင်​ကို​သယ်​ဆောင်​မိ​သူ​သည် မိ​မိ အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။

41-42. မြေ​ကြီး​ပေါ်​တွင်​တွား​သွား​တတ်​သော သို့ မ​ဟုတ်​ခြေ​လေး​ချောင်း​ရှိ​သော သို့​မ​ဟုတ် ခြေ​လေး​ချောင်း​ထက်​များ​သော​ခြေ​ရှိ​သော သတ္တ​ဝါ​ငယ်​များ​ကို​သင်​တို့​မ​စား​ရ။-

43. ထို​သတ္တ​ဝါ​များ​ကို​စား​၍​သင်​တို့​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​နှင့်။-

44. ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။-

45. ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သခင် ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် လည်း​သန့်​ရှင်း​ကြ​ရ​မည်။

46. ဤ​ပ​ညတ်​သည်​ကား​တိ​ရစ္ဆာန်​များ​နှင့်​ငှက် များ၊ ရေ​သတ္တ​ဝါ​နှင့်​ကုန်း​သတ္တ​ဝါ​များ​နှင့် ဆိုင်​သော​ပညတ်​ဖြစ်​သ​တည်း။-

47. သင်​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​၍ စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​မ​သန့်​ရှင်း ၍​မ​စား​နိုင်​သော​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​သိ ကြ​ရ​မည်။

ဝတ်​ပြု 11