4-6. သို့ရာတွင်ကုလားအုတ်၊ ခွေးတူဝက်တူနှင့် ယုန်တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန် တို့သည်စားမြုံ့ပြန်တတ်သော်လည်းခွာမကွဲ သဖြင့် စားရန်မသန့်ရှင်းဟုမှတ်ယူရမည်။-
36. သို့ရာတွင်စမ်းရေတွင်းသို့မဟုတ်ရေလှောင် ကန်ထဲသို့အသေကောင်ကျလျှင် ထိုရေသည် မညစ်ညမ်း။ ထိုအသေကောင်နှင့်ထိမိသော အရာသာလျှင်ညစ်ညမ်းသည်။-
37. ကြဲမည့်မျိုးစေ့ပေါ်သို့အသေကောင်ကျ လျှင် မျိုးစေ့သည်မညစ်ညမ်း။-
38. သို့ရာတွင်ရေစိမ်ထားသောမျိုးစေ့ပေါ် သို့အသေကောင်ကျလျှင် ထိုမျိုးစေ့သည် မသန့်ရှင်း။
39. စားနိုင်သောတိရစ္ဆာန်သေလျှင်ထိုအသေ ကောင်ကိုကိုင်တွယ်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းချေ။-
40. ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။
41-42. မြေကြီးပေါ်တွင်တွားသွားတတ်သော သို့ မဟုတ်ခြေလေးချောင်းရှိသော သို့မဟုတ် ခြေလေးချောင်းထက်များသောခြေရှိသော သတ္တဝါငယ်များကိုသင်တို့မစားရ။-
43. ထိုသတ္တဝါများကိုစား၍သင်တို့ကိုယ်ကို မညစ်ညမ်းစေနှင့်။-