34. မသန့်ရှင်းသောထိုအိုးမှရေသည်စားစရာ ပေါ်သို့ကျလျှင် ထိုစားစရာသည်လည်း မသန့်ရှင်းချေ။ ထိုအိုးမှသောက်ရေသည် လည်းမသန့်ရှင်း။-
35. မြေမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုပေါ်သို့ထို သတ္တဝါတို့၏အသေကောင်များကျလျှင် ထိုမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုသည်မသန့် ရှင်းသဖြင့်ခွဲပစ်လိုက်ရမည်။-
36. သို့ရာတွင်စမ်းရေတွင်းသို့မဟုတ်ရေလှောင် ကန်ထဲသို့အသေကောင်ကျလျှင် ထိုရေသည် မညစ်ညမ်း။ ထိုအသေကောင်နှင့်ထိမိသော အရာသာလျှင်ညစ်ညမ်းသည်။-
37. ကြဲမည့်မျိုးစေ့ပေါ်သို့အသေကောင်ကျ လျှင် မျိုးစေ့သည်မညစ်ညမ်း။-
38. သို့ရာတွင်ရေစိမ်ထားသောမျိုးစေ့ပေါ် သို့အသေကောင်ကျလျှင် ထိုမျိုးစေ့သည် မသန့်ရှင်း။
39. စားနိုင်သောတိရစ္ဆာန်သေလျှင်ထိုအသေ ကောင်ကိုကိုင်တွယ်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းချေ။-