31. ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။-
32. သစ်သား၊ အဝတ်၊ သားရေ၊ လျှော်တေစသည် တို့ဖြင့်ပြုလုပ်သောမည်သည့်အသုံးအဆောင် များပေါ်သို့မဆို ထိုသတ္တဝါတို့၏အသေ ကောင်များကျခဲ့သော် ယင်းအသုံးအဆောင် သည်မသန့်ရှင်းဟုမှတ်ယူရမည်။ ယင်းကဲ့ သို့ညစ်ညမ်းသွားသောအသုံးအဆောင်ကို ရေထဲ၌နှစ်ရမည်။ သို့ရာတွင်ထိုအသုံး အဆောင်သည် ညဦးတိုင်အောင်မသန့်ရှင်း ဘဲရှိလိမ့်မည်။-
33. အသေကောင်များမြေအိုးထဲသို့ကျလျှင် အိုးထဲရှိသမျှသည်လည်း ညစ်ညမ်းကုန် သဖြင့်အိုးကိုခွဲရမည်။-
34. မသန့်ရှင်းသောထိုအိုးမှရေသည်စားစရာ ပေါ်သို့ကျလျှင် ထိုစားစရာသည်လည်း မသန့်ရှင်းချေ။ ထိုအိုးမှသောက်ရေသည် လည်းမသန့်ရှင်း။-
35. မြေမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုပေါ်သို့ထို သတ္တဝါတို့၏အသေကောင်များကျလျှင် ထိုမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုသည်မသန့် ရှင်းသဖြင့်ခွဲပစ်လိုက်ရမည်။-
36. သို့ရာတွင်စမ်းရေတွင်းသို့မဟုတ်ရေလှောင် ကန်ထဲသို့အသေကောင်ကျလျှင် ထိုရေသည် မညစ်ညမ်း။ ထိုအသေကောင်နှင့်ထိမိသော အရာသာလျှင်ညစ်ညမ်းသည်။-
37. ကြဲမည့်မျိုးစေ့ပေါ်သို့အသေကောင်ကျ လျှင် မျိုးစေ့သည်မညစ်ညမ်း။-