ဝတ်​ပြု 11:1-2-29-30 Common Language Bible (BCL)

1-2. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန် အောက်​ပါ​ပ​ညတ်​များ ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့​မှ​တစ်​ဆင့်​ချ​မှတ် ပေး​တော်​မူ​၏။ သင်​တို့​သည်​ကုန်း​သတ္တ​ဝါ တို့​တွင်၊-

10. သို့​ရာ​တွင်​ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ သော​ရေ​သတ္တ​ဝါ​များ​ကို​မ​စား​ရ။-

11. ထို​သတ္တ​ဝါ​များ​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ ရ​မည်။ သင်​တို့​သည်​ထို​သတ္တ​ဝါ​များ​ကို မ​စား​ရ၊ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ ရ။-

12. ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ​သော​ရေ သတ္တ​ဝါ​ဟူ​သ​မျှ​ကို​မ​စား​ရ။

13-19. အောက်​ဖော်​ပြ​ပါ​ငှက်​မျိုး​တို့​ကို​သင်​တို့ သည်​မ​စား​ရ။ လင်း​ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်၊ လင်း​တ၊ ကျီး၊ ငှက်​ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်​ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ ဘီး​ငှက်​နှင့်​လင်း​နို့​တို့​ဖြစ်​သည်။

20-21. ခုန်​ဆွ​သွား​တတ်​သည့်​ပိုး​ကောင်​များ​မှ​လွဲ​၍ အ​တောင်​ရှိ​ပိုး​ကောင်​ဟူ​သ​မျှ​သည်​မ​သန့်​ရှင်း၊-

22. သင်​တို့​သည်​ကျိုင်း​ကောင်၊ ပ​ရစ်​နှင့်​နှံ​ကောင်​များ ကို​စား​နိုင်​သည်။-

23. သို့​ရာ​တွင်​အ​တောင်​ရှိ​၍​တွား​သွား​တတ်​သော အ​ခြား​အ​ကောင်​ငယ်​ရှိ​သ​မျှ​ကို မ​သန့်​ရှင်း ဟု​မှတ်​ယူ​ရ​မည်။

24-28. အောက်​ဖော်​ပြ​ပါ​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင် များ​ကို​ထိ​ကိုင်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ခွာ​ကွဲ​၍​စား​မြုံ့ ပြန်​သော​တိရစ္ဆာန်​များ​မှ​တစ်​ပါး​အ​ခြား​ခွာ ရှိ​တိ​ရစ္ဆာန်​အား​လုံး​နှင့် အုပ်​ဖမ်း​တတ်​သော​လက် ရှိ​သည့်​ခြေ​လေး​ချောင်း​သတ္တ​ဝါ​အား​လုံး​တို့ ဖြစ်​သည်။ ထို​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင်​များ ကို​သယ်​ဆောင်​သွား​သူ​သည် မိ​မိ​၏​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​လည်း​သူ သည်​ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့် မည်။

29-30. ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး​တို့​ကို​မ​သန့်​ရှင်း​ဟု မှတ်​ယူ​ရ​မည်။-

ဝတ်​ပြု 11