1-2. ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန် အောက်ပါပညတ်များ ကိုမောရှေနှင့်အာရုန်တို့မှတစ်ဆင့်ချမှတ် ပေးတော်မူ၏။ သင်တို့သည်ကုန်းသတ္တဝါ တို့တွင်၊-
3. ခွာကွဲ၍စားမြုံ့ပြန်တတ်သော တိရစ္ဆာန် များ၏အသားကိုစားနိုင်သည်။-
7. ဝက်သားကိုလည်းမစားရ။ ဝက်တို့သည်ခွာ ကွဲသော်လည်းစားမြုံ့မပြန်သဖြင့် စားရန် မသန့်ရှင်းဟုမှတ်ယူရမည်။-
8. သင်တို့သည်ထိုတိရစ္ဆာန်တို့၏အသားကို မစားရ။ အသေကောင်များကိုပင်မထိရ။ ယင်းတို့ကိုမသန့်ရှင်းဟုမှတ်ယူရမည်။
9. သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးများကိုစားနိုင်သည်။-
10. သို့ရာတွင်ဆူးတောင်နှင့်အကြေးမပါရှိ သောရေသတ္တဝါများကိုမစားရ။-