ဝတ်​ပြု 10:1-5 Common Language Bible (BCL)

1. အာ​ရုန်​၏​သား​များ​ဖြစ်​ကြ​သော​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည် မိ​မိ​တို့​တစ်​ဦး​စီ​နှင့်​ဆိုင်​ရာ မီး​ကျီး​ခံ​လင်​ပန်း​ကို​ယူ​၍​မီး​သွေး​မီး​ထည့် ပြီး​လျှင် နံ့​သာ​ကို​ဖြူး​လျက်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။ သို့​ရာ​တွင်​ယင်း​သို့​ပူ​ဇော် ရန်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား​အ​မိန့် မ​ပေး​သော​ကြောင့် ထို​မီး​သည်​သန့်​ရှင်း​သော မီး​မ​ဟုတ်၊-

2. ထို့​ကြောင့်​ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​မှ သူ​တို့​အ​ပေါ်​သို့​လောင်​မီး​ကျ ၍​သူ​တို့​သည်​ရှေ့​တော်​တွင်​သေ​ဆုံး​ကြ​၏။-

3. ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။

4. မော​ရှေ​သည်​အာ​ရုန်​၏​ဦး​ရီး​တော်​သြ​ဇေ​လ ၏​သား​များ​ဖြစ်​ကြ​သော မိ​ရှေ​လ​နှင့်​ဧ​လ​ဇာ ဖန်​တို့​ကို​ခေါ်​၍``သင်​တို့​ညီ​အစ်​ကို​များ​၏ အ​လောင်း​များ​ကို​သန့်​ရှင်း​ရာ​တဲ​တော်​မှ စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​သွား​ကြ'' ဟု စေ​ခိုင်း​လေ​သည်။-

5. ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​မိန့်​မှာ​သည့်​အ​တိုင်း အ​လောင်း​များ​ကို​လက်​ဖြင့်​မ​ထိ​ကိုင်​မိ​စေ​ရန် အ​ဝတ်​အင်္ကျီ​များ​မှ​ဆွဲ​၍​စ​ခန်း​အ​ပြင်​သို့ ထုတ်​ဆောင်​သွား​ကြ​လေ​သည်။

ဝတ်​ပြု 10