6. တမန်တော်တို့သည်အထံတော်မှထွက်သွား ပြီးလျှင် အရပ်ရပ်သို့လှည့်လည်လျက်သတင်း ကောင်းကိုဟောပြောကြေညာ၍အနာရောဂါ များကိုပျောက်ကင်းစေကြ၏။
7. ဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊-
8. အချို့က ``ဧလိယကြွလာလေပြီ'' ဟူ၍ လည်းကောင်း၊ အချို့ကမူ ``ရှေးပရောဖက်တစ် ပါးအသက်ပြန်၍ရှင်လာလေပြီ'' ဟူ၍လည်း ကောင်းပြောဆိုနေကြသည်ကိုဟေရုဒ်သည် ကြားသဖြင့်စိတ်ရှုပ်ထွေးလျက်၊-
9. ``ငါသည်ယောဟန်၏ဦးခေါင်းကိုဖြတ်ခဲ့၏။ ငါ သတင်းကြားနေရသောဤသူကားအဘယ်သူ နည်း'' ဟုဆို၍သခင်ယေရှုကိုတွေ့မြင်ရန်ကြိုး စားလျက်နေ၏။
10. တမန်တော်တို့သည်ကိုယ်တော်ထံသို့ပြန်လာကြ လျက် မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကိုလျှောက် ထားကြ၏။ ကိုယ်တော်သည်သူတို့ကိုခေါ်၍ ဗက်ဇဲဒနာမည်တွင်သောမြို့သို့ကြွတော်မူ၏။-
11. လူပရိသတ်တို့သည်ထိုသို့ကြွသွားကြောင်းကို ကြားသိကြသောအခါနောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ထိုသူတို့အားကြိုဆို လက်ခံပြီးလျှင် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။ မကျန်းမာသူကိုလည်းကျန်းမာစေတော်မူ၏။