လုကာ 8:33-44 Common Language Bible (BCL)

33. ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။

34. ဤ​သို့​ဖြစ်​ပျက်​သည့်​အ​ခြင်း​အ​ရာ​ကို​ဝက်​ထိန်း တို့​မြင်​သော​အ​ခါ​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည် မြို့​နှင့်​ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို​အ​နှံ့​အ​ပြား​ပြော​ကြား ကြ​၏။-

35. လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။-

36. မျက်​မြင်​သက်​သေ​များ​က​လည်း​ထို​သူ​နတ်​မိစ္ဆာ ဘေး​မှ​ကင်း​လွတ်​လာ​ပုံ​ကို​လူ​တို့​အား​ပြော​ပြ ကြ​၏။-

37. ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။-

38. နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။-

39. သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။

40. သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။-

41. ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။-

42. ဤ​သို့​တောင်း​ပန်​ရ​သည့်​အ​ကြောင်း​မှာ​သူ​၏ တစ်​ဦး​တည်း​သော​တစ်​ဆယ့်​နှစ်​နှစ်​အ​ရွယ် သ​မီး​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ​နေ​သော​ကြောင့် ဖြစ်​၏။ကိုယ်​တော်​သည်​သူ​နှင့်​အ​တူ​လိုက်​သွား​သော အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို တိုး​ဝှေ့​မိ​ကြ​၏။-

43. အ​မျိုး​သ​မီး​တစ်​ယောက်​သည်​တစ်​ဆယ့်​နှစ် နှစ်​ပတ်​လုံး​သွေး​သွန်​ရော​ဂါ​စွဲ​ခဲ့​၏။ မိ​မိ​တွင် ရှိ​သ​မျှ​ကြေး​ငွေ​များ​ကို​အ​ကုန်​ခံ​၍​ဆေး ဆ​ရာ​များ​နှင့်​ကု​သ​သော်​လည်း အ​ဘယ် ဆေး​ဆ​ရာ​မျှ​ရော​ဂါ​ကို​မ​ပျောက်​စေ​နိုင်။-

44. ထို​အ​မျိုး​သ​မီး​သည်​ကိုယ်​တော်​၏​နောက်​က ကပ်​လိုက်​လျက်​အ​ဝတ်​တော်​ပန်း​ဖွား​ကို​တို့​ထိ လေ​၏။ ထို​ခ​ဏ​၌​သွေး​သွန်​နာ​ပျောက်​သွား​၏။-

လုကာ 8