32. ထိုအချိန်၌ဝက်အုပ်ကြီးတစ်အုပ်သည်တောင်ကုန်း ပေါ်တွင်ကျက်စားလျက်ရှိ၏။ နတ်မိစ္ဆာများသည် ထိုဝက်များကိုပူးဝင်ခွင့်ပြုရန်ကိုယ်တော်အား တောင်းပန်ကြ၏။-
33. ကိုယ်တော်ခွင့်ပြုတော်မူသဖြင့်နတ်မိစ္ဆာများသည် လူမှခွာ၍ဝက်များကိုပူးဝင်ကြ၏။ ထိုအခါ ဝက်အုပ်တစ်အုပ်လုံးသည်အိုင်ကမ်းစောက်ကို တစ်ဟုန်တည်းပြေးဆင်းပြီးလျှင်ရေနစ်သေ ဆုံးကြကုန်၏။
34. ဤသို့ဖြစ်ပျက်သည့်အခြင်းအရာကိုဝက်ထိန်း တို့မြင်သောအခါထွက်ပြေးကြ၏။ သူတို့သည် မြို့နှင့်ကျေးလက်တောရွာများတွင်ထိုအဖြစ် အပျက်အကြောင်းကိုအနှံ့အပြားပြောကြား ကြ၏။-
35. လူတို့သည်ထိုအဖြစ်အပျက်ကိုကြည့်ရန်လာ ကြ၏။ သခင်ယေရှု၏ထံတော်သို့ရောက်ကြသော် နတ်မိစ္ဆာများစွန့်ခွာသွားသူသည်အဝတ်ဝတ် လျက် သခင်ယေရှု၏ခြေတော်ရင်းမှာအကောင်း ပကတိထိုင်လျက်နေသည်ကိုမြင်ကြလျှင် ကြောက်ရွံ့ကြ၏။-
36. မျက်မြင်သက်သေများကလည်းထိုသူနတ်မိစ္ဆာ ဘေးမှကင်းလွတ်လာပုံကိုလူတို့အားပြောပြ ကြ၏။-
37. ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-
38. နတ်မိစ္ဆာများစွန့်ခွာသွားသူသည်မိမိအား ကိုယ်တော်နှင့်အတူလိုက်ခွင့်ပြုရန်ပန်ကြား၏။-
39. သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။
40. သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။-