လုကာ 8:30-40 Common Language Bible (BCL)

30. သ​ခင်​ယေ​ရှု​က​နတ်​မိစ္ဆာ​အား ``သင့်​နာ​မည် ကား​အ​ဘယ်​နည်း'' ဟု​မေး​တော်​မူ​၏။``အ​ကျွန်ုပ်​နာ​မည်​မှာ​လေ​ဂေါင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​၏။ ဤ​သို့​လျှောက်​ရ​သည့်​အ​ကြောင်း မှာ​ထို​သူ​အား​နတ်​မိစ္ဆာ​များ​စွာ​ပူး​ကပ်​နေ​သော ကြောင့်​ဖြစ်​၏။-

31. နတ်​မိစ္ဆာ​တို့​သည် ``အ​ကျွန်ုပ်​တို့​အား​တွင်း​နက်​ကြီး ထဲ​သို့​လား​စေ​ရန်​အ​မိန့်​ပေး​တော်​မ​မူ​ပါ​နှင့်'' ဟု​တောင်း​ပန်​ကြ​၏။

32. ထို​အ​ချိန်​၌​ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​တောင်​ကုန်း ပေါ်​တွင်​ကျက်​စား​လျက်​ရှိ​၏။ နတ်​မိစ္ဆာ​များ​သည် ထို​ဝက်​များ​ကို​ပူး​ဝင်​ခွင့်​ပြု​ရန်​ကိုယ်​တော်​အား တောင်း​ပန်​ကြ​၏။-

33. ကိုယ်​တော်​ခွင့်​ပြု​တော်​မူ​သ​ဖြင့်​နတ်​မိစ္ဆာ​များ​သည် လူ​မှ​ခွာ​၍​ဝက်​များ​ကို​ပူး​ဝင်​ကြ​၏။ ထို​အ​ခါ ဝက်​အုပ်​တစ်​အုပ်​လုံး​သည်​အိုင်​ကမ်း​စောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း​ပြီး​လျှင်​ရေ​နစ်​သေ ဆုံး​ကြ​ကုန်​၏။

34. ဤ​သို့​ဖြစ်​ပျက်​သည့်​အ​ခြင်း​အ​ရာ​ကို​ဝက်​ထိန်း တို့​မြင်​သော​အ​ခါ​ထွက်​ပြေး​ကြ​၏။ သူ​တို့​သည် မြို့​နှင့်​ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို​အ​နှံ့​အ​ပြား​ပြော​ကြား ကြ​၏။-

35. လူ​တို့​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​ကြည့်​ရန်​လာ ကြ​၏။ သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့​ရောက်​ကြ​သော် နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​အ​ဝတ်​ဝတ် လျက် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​အ​ကောင်း ပ​က​တိ​ထိုင်​လျက်​နေ​သည်​ကို​မြင်​ကြ​လျှင် ကြောက်​ရွံ့​ကြ​၏။-

36. မျက်​မြင်​သက်​သေ​များ​က​လည်း​ထို​သူ​နတ်​မိစ္ဆာ ဘေး​မှ​ကင်း​လွတ်​လာ​ပုံ​ကို​လူ​တို့​အား​ပြော​ပြ ကြ​၏။-

37. ထို​အ​ခါ​ဂါ​ရ​စ​နယ်​က​လူ​အ​ပေါင်း​တို့ သည်​လွန်​စွာ​ကြောက်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့ အ​ရပ်​မှ​ထွက်​ခွာ​သွား​တော်​မူ​ပါ​ရန်​ကိုယ်​တော် အား​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် လှေ​ပေါ်​သို့​တက်​၍​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၏။-

38. နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။-

39. သို့​ရာ​တွင်​ကိုယ်​တော်​က ``အိမ်​သို့​ပြန်​၍​ဘု​ရား သ​ခင်​သည် သင့်​အား​မည်​မျှ​ကျေး​ဇူး​ပြု​တော် မူ​ကြောင်း​ကို​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။ထို​သူ​သည်​အ​ထံ​တော်​မှ​ထွက်​သွား​ပြီး​လျှင် မိ​မိ​အား​သ​ခင်​ယေ​ရှု​မည်​သို့​ကျေး​ဇူး​ပြု တော်​မူ​ကြောင်း​ကို​တစ်​မြို့​လုံး​အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။

40. သ​ခင်​ယေ​ရှု​ပြန်​လည်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​စောင့်​မျှော်​နေ ကြ​သည့်​အ​လျောက်​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။-

လုကာ 8