လုကာ 8:1-14 Common Language Bible (BCL)

1. ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ကိုယ်​တော်​သည် မြို့​ရွာ​များ​ကို​ဖြတ်​ကြွ​လျက် ဘု​ရား​သ​ခင် နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​တော်​မူ​၏။-

2. တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊-

3. ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။

4. အ​မြို့​မြို့​မှ​လာ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​တွင်​စု​ရုံး​လျက်​နေ​ကြ​စဉ်​ကိုယ် တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍၊-

5. ``မျိုး​ကြဲ​သူ​သည်​မျိုး​ကြဲ​ရန်​ထွက်​သွား​၏။ မျိုး​ကြဲ သော​အ​ခါ​အ​ချို့​မျိုး​စေ့​များ​သည်​လမ်း​တွင်​ကျ​၏။ ထို​မျိုး​စေ့​တို့​ကို​လူ​များ​ကျော်​နင်း​၍​ငှက်​များ ကောက်​စား​ကြ​၏။-

6. အ​ချို့​မျိုး​စေ့​များ​သည်​ကျောက်​မြေ​ပေါ်​တွင်​ကျ ၏။ အ​ပင်​များ​ပေါက်​ပြီး​နောက်​ရေ​မ​ရ​သ​ဖြင့် ညှိုး​နွမ်း​ခြောက်​သွေ့​ကုန်​၏။-

7. အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။-

8. အ​ချို့​မျိုး​စေ့​များ​ကား​မြေ​ကောင်း​မြေ​သန့်​တွင်​ကျ သ​ဖြင့်​အ​ပင်​ပေါက်​၍​အ​ဆ​တစ်​ရာ​သီး​နှံ​များ​ကို ဖြစ်​ပွား​စေ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက် ``ကြား တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့'' ဟု ကြွေး​ကြော်​တော်​မူ​၏။

9. တ​ပည့်​တော်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-

10. ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း အ​ရာ​များ​ကို​သိ​နား​လည်​ရ​ကြ​၏။ အ​ခြား သူ​တို့​မူ​ကား​ကြည့်​လျက်​နှင့်​မ​မြင်၊ ကြား​လျက် နှင့်​နား​မ​လည်၊ ပုံ​ဥ​ပ​မာ​များ​အား​ဖြင့်​ဟော​ရ​၏။

11. ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​ဤ​သို့ တည်း။ မျိုး​စေ့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဆို​လို​၏။-

12. လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သူ​များ​ကို​ဆို​လို​၏။ သို့ ရာ​တွင်​မာရ်​နတ်​သည်​ထို​သူ​တို့​ယုံ​ကြည်​၍ ကယ် တင်​ခြင်း​ခံ​ရ​ကြ​မည်​စိုး​သ​ဖြင့်​လာ​၍ သူ​တို့​၏ စိတ်​နှ​လုံး​ထဲ​မှ​နှုတ်​က​ပတ်​တ​ရား​တော်​ကို နုတ်​ယူ​သွား​၏။-

13. ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။-

14. ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။-

လုကာ 8