လုကာ 7:40-43 Common Language Bible (BCL)

40. ထို​အ​ခါ​သ​ခင်​ယေ​ရှု​က​ထို​သူ​အား ``ရှိ​မုန်၊ သင့်​အား​ငါ​ပြော​စ​ရာ​တစ်​ခု​ရှိ​၏'' ဟု​မိန့် တော်​မူ​၏။ရှိ​မုန်​က ``ဆ​ရာ​တော်၊အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

41. သ​ခင်​ယေ​ရှု​က ``ငွေ​ချေး​စား​သူ​တစ်​ဦး​တွင် အ​ကြွေး​တင်​သူ​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​က​ငွေ​ဒင်္ဂါး ငါး​ရာ၊ အ​ခြား​တစ်​ဦး​က​ငါး​ဆယ်​အ​ကြွေး တင်​၏။-

42. သူ​တို့​သည်​အ​ကြွေး​မ​ဆပ်​နိုင်​သ​ဖြင့်​ကြွေး​ရှင် သည် ထို​သူ​နှစ်​ဦး​လုံး​၏​အ​ကြွေး​အား​လုံး​ကို လျှော်​ပစ်​လိုက်​၏။ ထို​သူ​နှစ်​ဦး​အ​နက်​အ​ဘယ် သူ​သည် ကြွေး​ရှင်​ကို​ပို​၍​မေတ္တာ​ရှိ​လိမ့်​မည် နည်း'' ဟု​မေး​တော်​မူ​၏။

43. ရှိ​မုန်​က ``ငွေ​ပို​၍​လျှော်​ပစ်​ခြင်း​ခံ​ရ​သူ​သည် ပို​၍​မေတ္တာ​ရှိ​မည်​ထင်​ပါ​သည်'' ဟု​လျှောက်​၏။ကိုယ်​တော်​က ``သင့်​ယူ​ဆ​ချက်​သည်​မှန်​ပေ​၏'' ဟု​မိန့်​တော်​မူ​၏။

လုကာ 7