29. သင်၏ပါးတစ်ဖက်ကိုရိုက်သူအားအခြား ပါးတစ်ဖက်ကိုလည်းရိုက်စေဦးလော့။ သင် ၏အပေါ်အင်္ကျီကိုယူသောသူအားရှပ်အင်္ကျီ ကိုလည်းယူခွင့်ပြုလော့။-
30. သင့်ထံတွင်တောင်းခံလာသူတိုင်းအားပေး လော့။ သင့်ဥစ္စာပစ္စည်းများကိုယူသောသူထံမှ ပြန်၍မတောင်းနှင့်။-
31. ကိုယ်ကိုပြုစေလိုသည်အတိုင်းသူတစ်ပါး တို့အားပြုကြလော့။
32. ``မိမိတို့အားချစ်သူများကိုသာချစ်တုံ့ပြန် ပါမူ အဘယ်သို့လျှင်ကောင်းချီးမင်္ဂလာကို သင်တို့ခံစားနိုင်မည်နည်း။ အပြစ်ကူးသူ များပင်လျှင်မိမိတို့အားချစ်သူတို့ကိုချစ် ကြ၏။-
33. သင်တို့အားကျေးဇူးပြုသူများကိုသာကျေး ဇူးတုံ့ပြန်ပါမူ သင်တို့သည်အဘယ်သို့လျှင် ကောင်းချီးမင်္ဂလာကိုခံစားနိုင်မည်နည်း။ အပြစ်ကူးသူများပင်လျှင်ဤသို့ပြုကြ၏။-