လုကာ 6:13-22 Common Language Bible (BCL)

13. မိုး​လင်း​သော​အ​ခါ​တ​ပည့်​တော်​တို့​ကို​အ​ထံ တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ထို​သူ​တို့​အ​နက် တစ်​ဆယ့်​နှစ်​ပါး​ကို​ရွေး​ချယ်​၍​တ​မန်​တော် နာ​မည်​ဖြင့်​သ​မုတ်​တော်​မူ​၏။-

14. ထို​တစ်​ဆယ့်​နှစ်​ပါး​ကား​ပေ​တ​ရု​ဟု​ကိုယ်​တော် မှည့်​ခေါ်​သူ​ရှိ​မုန်​နှင့်​ရှိ​မုန်​၏​ညီ​အန္ဒြေ၊ ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊-

15. မ​ဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်၊-

16. ယာ​ကုပ်​၏​သား​ယု​ဒ​နှင့်​နောင်​အ​ခါ​ကိုယ်​တော် ကို​သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။

17. ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။-

18. ထို​သူ​တို့​သည်​ကိုယ်​တော်​၏​တ​ရား​တော်​ကို ကြား​နာ​ရန်​နှင့်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ ပျောက်​ကင်း​စေ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​၏။ ညစ်​ညမ်း​သော​နတ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ​များ လည်း​လာ​၍​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​၏။-

19. ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။

20. သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကိုကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။

21. ``ယ​ခု​အ​ခါ​ဆာ​ငတ်​နေ​သူ​တို့၊သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။သင်​တို့​ဝ​ပြော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။``ငို​ကြွေး​နေ​ကြ​သူ​တို့၊သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ရယ်​မော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။

22. ``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-

လုကာ 6