1. ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။-
2. ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။
3. သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။-
4. သူသည်ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ပညတ်တရားအရယဇ်ပုရောဟိတ်များမှ တစ်ပါး မည်သူမျှမစားထိုက်သောရှေ့တော် မုန့်ကိုယူ၍စားခဲ့၏။ မိမိ၏အဖော်များ အားလည်းပေးခဲ့၏။-
5. လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
6. အခြားသောဥပုသ်နေ့တစ်နေ့၌သခင်ယေရှု သည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင် တော်မူ၏။ တရားဇရပ်ထဲတွင်ညာလက်သေသူ တစ်ယောက်ရှိ၏။-
7. ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။-
8. ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။-
9. ထိုအခါသခင်ယေရှုက ``ပညတ်တရားအရ ဥပုသ်နေ့၌ အကောင်းကိုပြုအပ်သလော၊ အဆိုး ကိုပြုအပ်သလော၊ လူ့အသက်ကိုကယ်အပ် သလော၊ သတ်အပ်သလော၊ သင်တို့အားငါမေး၏'' ဟုမိန့်တော်မူ၏။-
10. ကိုယ်တော်သည်ထိုသူအပေါင်းတို့ကိုလှည့်ကြည့် တော်မူပြီးလျှင် လက်သေသူအား ``သင့်လက်ကို ဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လက်ကို ဆန့်လိုက်သောအခါ အကောင်းပကတိဖြစ် လေ၏။