လုကာ 5:32-39 Common Language Bible (BCL)

32. ငါ​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​နောင်​တ​ရ စေ​ခြင်း​ငှာ​ခေါ်​ဖိတ်​ရန်​လာ​သည်​မ​ဟုတ်။ အ​ပယ် ခံ​သူ​များ​ကို​နောင်​တ​ရ​စေ​ခြင်း​ငှာ​ခေါ်​ဖိတ် ရန်​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

33. လူ​အ​ချို့​က ``ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ တို့​၏​တ​ပည့်​များ​သည်​အ​စာ​ရှောင်​ခြင်း​နှင့် ဆု တောင်း​ခြင်း​တို့​ကို​မ​ကြာ​ခ​ဏ​ပြု​လေ့​ရှိ​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​၏​တ​ပည့်​များ​မူ​ကား​စား လျက်​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု လျှောက်​ထား​ကြ​၏။

34. ကိုယ်​တော်​က ``မင်္ဂ​လာ​ဆောင်​ပွဲ​တွင်​သ​တို့​သား ရှိ​နေ​သည့်​ကာ​လ​ဧည့်​သည်​များ​အား​အ​စာ ရှောင်​ခိုင်း​နိုင်​ပါ​မည်​လော။-

35. သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

36. ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​လျက် ``မည်​သူ​မျှ အ​ထည်​သစ်​မှ​အ​စ​တစ်​စ​ကို​ဆုတ်​၍​အ​ထည် ဟောင်း​ကို​ဖာ​ရိုး​မ​ရှိ။ ယင်း​သို့​ဖာ​ခဲ့​ပါ​မူ အ​ထည်​သစ်​ပျက်​စီး​သွား​သည်​သာ​မ​က၊ အ​စ​သစ်​နှင့်​အ​ထည်​ဟောင်း​တို့​အ​ဆင် အ​သွေး​မ​တူ​ဘဲ​ရှိ​လိမ့်​မည်။-

37. ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး ဟောင်း​တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား ရေ​ဘူး​သည်​ပေါက်​ကွဲ​၍​စ​ပျစ်​ရည်​ယို​ထွက် လိမ့်​မည်။ သား​ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့် မည်။-

38. စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး​သစ်​တွင်​သာ ထည့်​ရာ​၏။-

39. ထို့​အ​ပြင်​စ​ပျစ်​ရည်​ဟောင်း​ကို​သောက်​ပြီး သူ​သည်​စ​ပျစ်​ရည်​သစ်​ကို​မ​သောက်​လို။ စ​ပျစ် ရည်​ဟောင်း​က​သာ​၍​ကောင်း​သည်​ဟု​ဆို​တတ် ၏'' ဟု​မိန့်​တော်​မူ​၏။

လုကာ 5