32. ငါသည်ဂုဏ်အသရေရှိသူများနောင်တရ စေခြင်းငှာခေါ်ဖိတ်ရန်လာသည်မဟုတ်။ အပယ် ခံသူများကိုနောင်တရစေခြင်းငှာခေါ်ဖိတ် ရန်လာသတည်း'' ဟုမိန့်တော်မူ၏။
33. လူအချို့က ``ယောဟန်၏တပည့်များနှင့်ဖာရိရှဲ တို့၏တပည့်များသည်အစာရှောင်ခြင်းနှင့် ဆု တောင်းခြင်းတို့ကိုမကြာခဏပြုလေ့ရှိကြ၏။ သို့ရာတွင်ကိုယ်တော်၏တပည့်များမူကားစား လျက်သောက်လျက်နေကြပါသည်တကား'' ဟု လျှောက်ထားကြ၏။
34. ကိုယ်တော်က ``မင်္ဂလာဆောင်ပွဲတွင်သတို့သား ရှိနေသည့်ကာလဧည့်သည်များအားအစာ ရှောင်ခိုင်းနိုင်ပါမည်လော။-
35. သို့ရာတွင်မင်္ဂလာဆောင်သတို့သားကိုသူတို့ ထံမှဆောင်ယူသွားမည့်နေ့ရက်ကာလရောက် ရှိလာပေအံ့။ ထိုအခါ၌သူတို့သည်အစာ ရှောင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။