23. `သင်၏အပြစ်ကိုဖြေလွှတ်ပြီ' ဟုပြောရန်ပို၍ လွယ်ကူသလော။ သို့တည်းမဟုတ်`နေရာမှထ ၍လှမ်းသွားလော့' ဟုပြောရန်ပို၍လွယ်ကူ သလော။-
24. သို့ရာတွင်လူသားသည်လောကတွင်အပြစ် ဖြေလွှတ်ပိုင်သည်ကိုသင်တို့အားသိစေအံ့'' ဟုဆိုလျက်လေဖြတ်သူအား ``သင့်အားငါ ဆိုသည်ကားထလော့။ သင့်ထမ်းစင်ကိုထမ်း ၍အိမ်ပြန်လော့'' ဟုမိန့်တော်မူ၏။
25. ချက်ချင်းပင်ထိုသူသည်လူတို့ရှေ့တွင်ထ၍ မိမိလဲလျောင်းနေခဲ့သောထမ်းစင်ကိုထမ်း ပြီးလျှင် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော် ကိုချီးကူးလျက်အိမ်သို့ပြန်လေ၏။-
26. လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။
27. ထိုနောက်ကိုယ်တော်သည်ကပေရနောင်မြို့မှ ထွက်ကြွတော်မူ၍ အကောက်ခွန်ရုံးခန်းတွင် လေဝိနာမည်ရှိသူအခွန်ခံထိုင်နေသည်ကို မြင်တော်မူလျှင် ``ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။-
28. ထိုသူသည်ရှိသမျှတို့ကိုစွန့်ပြီးလျှင်ထ ၍နောက်တော်သို့လိုက်လေ၏။
29. ထိုနောက်လေဝိသည်မိမိ၏အိမ်တွင်ကိုယ်တော် အတွက်ဧည့်ခံပွဲကြီးကျင်းပ၏။ ဧည့်သည်များ တွင်အခွန်ခံသူနှင့်အခြားသူအမြောက်အမြား ပါဝင်ကြ၏။-
30. ဖာရိရှဲများနှင့်သူတို့၏အပေါင်းအဖော်ဖြစ် ကြသောကျမ်းတတ်ဆရာများက ``အဘယ် ကြောင့်သင်တို့သည်အခွန်ခံသူများ၊ အခြား အပယ်ခံသူများနှင့်စားသောက်ကြပါသနည်း'' ဟုတပည့်တော်တို့အားကဲ့ရဲ့ပြစ်တင်ကြ၏။
31. ထိုအခါသခင်ယေရှုက ``ကျန်းမာသူသည် ဆရာဝန်ကိုမလို။ ဖျားနာသူသာလျှင်လို၏။-
32. ငါသည်ဂုဏ်အသရေရှိသူများနောင်တရ စေခြင်းငှာခေါ်ဖိတ်ရန်လာသည်မဟုတ်။ အပယ် ခံသူများကိုနောင်တရစေခြင်းငှာခေါ်ဖိတ် ရန်လာသတည်း'' ဟုမိန့်တော်မူ၏။
33. လူအချို့က ``ယောဟန်၏တပည့်များနှင့်ဖာရိရှဲ တို့၏တပည့်များသည်အစာရှောင်ခြင်းနှင့် ဆု တောင်းခြင်းတို့ကိုမကြာခဏပြုလေ့ရှိကြ၏။ သို့ရာတွင်ကိုယ်တော်၏တပည့်များမူကားစား လျက်သောက်လျက်နေကြပါသည်တကား'' ဟု လျှောက်ထားကြ၏။