လုကာ 5:13-23 Common Language Bible (BCL)

13. ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍​ထို​သူ့​ကို တို့​ထိ​တော်​မူ​၏။ ထို​နောက် ``ငါ​အ​လို​ရှိ​၏။ သန့် စင်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​ခ​ဏ​၌​ထို​သူ သည်​ရော​ဂါ​ပျောက်​လေ​၏။-

14. ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။

15. သို့​ရာ​တွင်​ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပို​၍ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​အ​ကု​အ​သ ခံ​ရန်​လာ​ကြ​ကုန်​၏။-

16. သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည် အ​တိုင်း​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​၍​ဆု​တောင်း တော်​မူ​၏။

17. တစ်​နေ့​သ​၌​ကိုယ်​တော်​ဟော​ပြော​သွန်​သင်​လျက် နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ ကျေး​ရွာ​အ​ပေါင်း​မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း​လာ​ရောက်​သော​ဖာ​ရိ​ရှဲ​များ နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည်​အ​နီး​တွင်​ထိုင် လျက်​ရှိ​ကြ​၏။ ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။-

18. ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​တစ်​ယောက် ကို​ထမ်း​စင်​နှင့်​တင်​၍​ဆောင်​ခဲ့​ကြ​၏။ ထို​သူ​နာ ကို​အိမ်​ထဲ​သို့​သယ်​ဆောင်​ကာ​သ​ခင်​ယေ​ရှု​၏ ရှေ့​တော်​တွင်​ချ​ထား​ရန်​ကြိုး​စား​ကြ​၏။-

19. သို့​ရာ​တွင်​လူ​ပ​ရိ​သတ်​တိုး​မ​ပေါက်​သ​ဖြင့် အိမ်​အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​အုတ်​ကြွပ် များ​ကို​ဖောက်​၍ သူ​နာ​ကို​ထမ်း​စင်​နှင့်​တ​ကွ လူ​တို့​အ​လယ်​သ​ခင်​ယေ​ရှု​၏​ရှေ့​တော်​သို့ လျော​ချ​ကြ​၏။-

20. ကိုယ်​တော်​သည်​ထို​သူ​တို့​၌​ယုံ​ကြည်​ခြင်း​ရှိ​ပုံ ကို​မြင်​တော်​မူ​လျှင်​လေ​ဖြတ်​သူ​အား ``အ​ချင်း လူ၊ သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ'' ဟု​မိန့်​တော် မူ​၏။

21. ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​က ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ သူ​သည်​ဘု​ရား​သ​ခင် အား​ပြစ်​မှား​ပြော​ဆို​ပါ​သည်​တ​ကား။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​အ​ဘယ်​သူ​သည်​အ​ပြစ်​ကို ဖြေ​လွှတ်​နိုင်​ပါ​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။

22. သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​ကြ​သည်​ကို​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့​သည် အ​ဘယ်​ကြောင့်​တွေး​တော​နေ​ကြ​သ​နည်း။-

23. `သင်​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ပြီ' ဟု​ပြော​ရန်​ပို​၍ လွယ်​ကူ​သ​လော။ သို့​တည်း​မ​ဟုတ်`နေ​ရာ​မှ​ထ ၍​လှမ်း​သွား​လော့' ဟု​ပြော​ရန်​ပို​၍​လွယ်​ကူ သ​လော။-

လုကာ 5