လုကာ 5:1-16 Common Language Bible (BCL)

1. တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဂင်​နေ​သ​ရက် အိုင်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​တော်​မူ​စဉ် လူ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ကြား​နာ​ရန်​ကိုယ်​တော်​၏​အ​နီး​သို့​တိုး​ကြိတ် လာ​ကြ​၏။-

2. ထို​အ​ခါ​ကိုယ်​တော်​သည်​ကမ်း​နား​မှာ​ဆိုက်​ထား သော​လှေ​နှစ်​စင်း​ကို​မြင်​တော်​မူ​၏။ တံ​ငါ​သည် တို့​သည်​ထို​လှေ​များ​ပေါ်​မှ​ဆင်း​ပြီး​နောက် မိ​မိ တို့​၏​ပိုက်​ကွန်​များ​ကို​ဆေး​ကြော​လျက်​နေ ကြ​၏။-

3. ကိုယ်​တော်​သည်​ထို​လှေ​နှစ်​စင်း​အ​နက်​ရှိ​မုန်​၏ လှေ​သို့​တက်​တော်​မူ​ပြီး​လျှင်​လှေ​ကို​ကမ်း​မှ အ​နည်း​ငယ်​ခွာ​စေ​ရန်​ရှိ​မုန်​အား​စေ​ခိုင်း​တော် မူ​၏။ ထို​နောက်​ထိုင်​၍​လူ​ပ​ရိ​သတ်​တို့​အား ဟော​ပြော​သွန်​သင်​တော်​မူ​၏။

4. ထို​သို့​ဟော​ပြော​သွန်​သင်​ပြီး​သော​အ​ခါ ``ရေ နက်​ရာ​သို့​ခွာ​ထွက်​လော့။ ငါး​များ​ဖမ်း​မိ​စေ ရန်​သင်​နှင့်​သင်​တို့​အ​ဖော်​တို့​၏​ကွန်​များ ကို​ချ​လော့'' ဟု​ရှိ​မုန်​အား​မိန့်​တော်​မူ​၏။

5. ရှိ​မုန်​က ``သ​ခင်၊ အ​ကျွန်ုပ်​တို့​သည်​တစ်​ည​လုံး ကြိုး​စား​၍​ငါး​များ​ကို​ဖမ်း​ပါ​သော်​လည်း ငါး​တစ်​ကောင်​ကို​မျှ​မ​မိ​ကြ​ပါ။ သို့​ရာ​တွင် ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ကွန်​များ​ကို အ​ကျွန်ုပ်​ချ​ပါ​မည်'' ဟု​လျှောက်​ထား​၏။-

6. သူ​တို့​သည်​ကွန်​များ​ကို​ချ​ပြီး​နောက်​အုပ်​မိ သော​ငါး​များ​လှ​သ​ဖြင့်​ကွန်​များ​ပင်​စုတ် လု​မ​တတ်​ရှိ​၏။-

7. သို့​ဖြစ်​၍​လာ​ရောက်​ကူ​ညီ​ရန်​အ​ခြား​လှေ​မှ မိ​မိ​တို့​၏​အ​ဖော်​တံ​ငါ​သည်​များ​ကို​အ​ချက် ပြ​၍​ခေါ်​ကြ​၏။ ထို​သူ​တို့​သည်​လာ​၍​လှေ နှစ်​စင်း​လုံး​ပြည့်​အောင်​ငါး​များ​ကို​ထည့် ကြ​ရာ​လှေ​များ​နစ်​လု​မ​တတ်​ရှိ​တော့​၏။-

8. ထို​အ​ခြင်း​အ​ရာ​ကို​ရှိ​မုန်​ပေ​တ​ရု​မြင်​လျှင် သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ် လျက် ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အြုပစ် သား​ဖြစ်​သော​ကြောင့်​အ​ကျွန်ုပ်​၏​ထံ​မှ ကြွ​သွား​တော်​မူ​ပါ'' ဟု​လျှောက်​၏။

9. ရှိ​မုန်​နှင့်​တ​ကွ​ပါ​လာ​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​ဖမ်း​မိ​သော​ငါး​အ​ရေ​အ​တွက်​ကို​ကြည့်​၍ တ​အံ့​တ​သြ​ဖြစ်​ကြ​၏။-

10. ရှိ​မုန်​နှင့်​ငါး​ဖမ်း​ဘက်​ဖြစ်​ကြ​သော​ဇေ​ဗေ​ဒဲ ၏​သား​နှစ်​ယောက်၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​သည် လည်း​ထို​နည်း​တူ​အံ့​သြ​ကြ​၏။ သ​ခင်​ယေ​ရှု က​ရှိ​မုန်​အား ``မ​ကြောက်​နှင့်၊ ယ​ခု​မှ​စ​၍​သင် တို့​သည်​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

11. ထို​သူ​တို့​သည်​လှေ​များ​ကို​ကမ်း​တွင်​ဆိုက်​ကပ် ပြီး​နောက် ရှိ​သ​မျှ​တို့​ကို​စွန့်​၍​နောက်​တော် သို့​လိုက်​ကြ​၏။

12. တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​မြို့​ကြီး​တစ်​မြို့​တွင် ရှိ​နေ​တော်​မူ​၏။ ထို​မြို့​တွင်​တစ်​ကိုယ်​လုံး​အ​ရေ ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​တစ်​ယောက်​ရှိ​၏။ သူ သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လျှင်​ပျပ်​ဝပ်​လျက် ``အ​ရှင် အ​လို​တော်​ရှိ​လျှင်​အ​ကျွန်ုပ်​ကို​သန့်​စင်​စေ​နိုင် ပါ​သည်'' ဟု​လျှောက်​၏။

13. ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​၍​ထို​သူ့​ကို တို့​ထိ​တော်​မူ​၏။ ထို​နောက် ``ငါ​အ​လို​ရှိ​၏။ သန့် စင်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​ခ​ဏ​၌​ထို​သူ သည်​ရော​ဂါ​ပျောက်​လေ​၏။-

14. ``ဤ​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ​မ​ပြော​နှင့်'' ဟု ထို​သူ​အား​တား​မြစ်​တော်​မူ​ပြီး​သော်​ကိုယ်​တော် က ``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား​၍​ကိုယ် ကို​ပြ​လော့။ သင့်​ရော​ဂါ​ပျောက်​ကင်း​ကြောင်း​လူ​တို့ ရှေ့​၌​သက်​သေ​ခံ​အ​ထောက်​အ​ထား​ဖြစ်​စေ​ရန် မော​ရှေ​မိန့်​မှာ​သည့်​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ လော့'' ဟု​မိန့်​တော်​မူ​၏။

15. သို့​ရာ​တွင်​ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပို​၍ ပျံ့​နှံ့​သွား​သ​ဖြင့် လူ​ပ​ရိ​သတ်​ကြီး​များ​သည် ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ​အ​ကု​အ​သ ခံ​ရန်​လာ​ကြ​ကုန်​၏။-

16. သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည် အ​တိုင်း​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​၍​ဆု​တောင်း တော်​မူ​၏။

လုကာ 5