လုကာ 4:20-34 Common Language Bible (BCL)

20. ထို​နောက်​ကျမ်း​စာ​တော်​ကို​လိပ်​၍​ဇ​ရပ်​မှူး​အား ပြန်​ပေး​ပြီး​နောက်​ထိုင်​တော်​မူ​၏။ တ​ရား​ဇ​ရပ် ထဲ​မှာ​ရှိ​သော​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​စိုက်​ကြည့်​နေ​ကြ​၏။-

21. ကိုယ်​တော်​က ``ဤ​ကျမ်း​စာ​ပါ​အ​မှု​အ​ရာ​များ သည်​သင်​တို့​ကြား​နာ​ရ​သည့်​အ​တိုင်း​ယ​နေ့ အ​ကောင်​အ​ထည်​ပေါ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

22. လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏​အ​ကြောင်း​ကို ချီး​ကူး​ပြော​ဆို​ကြ​၏။ နှုတ်​တော်​ထွက်​စ​ကား များ​ကို​အံ့​သြ​လျက် ``ဤ​သူ​သည်​ယော​သပ် ၏​သား​မ​ဟုတ်​လော'' ဟု​ဆို​ကြ​၏။

23. ကိုယ်​တော်​က ``သင်​တို့​သည် `အ​ချင်း​ဆ​ရာ​ဝန်၊ သင့်​ရော​ဂါ​ကို​သင်​ပျောက်​အောင်​ကု​လော့' ဟူ သော​ဆို​ရိုး​စ​ကား​ကို​အ​သုံး​ပြု​ကာ​ငါ့ အား​ဆို​လိမ့်​မည်။ က​ပေ​ရ​နောင်​မြို့​တွင်​အ​ရှင် ပြု​ခဲ့​သည်​ဟု​အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​သည့် အ​မှု​အ​ရာ​များ​ကို အ​ရှင့်​နေ​ရင်း​မြို့​တွင် လည်း​ပြု​တော်​မူ​ပါ​ဟု​ငါ့​အား​မု​ချ​ပြော ဆို​ကြ​လိမ့်​မည်။-

24. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အ​ဘယ်​ပ​ရော​ဖက်​မျှ​မိ​မိ​နေ​ရင်း​မြို့​တွင် မျက်​နှာ​မ​ရ​တတ်။-

25. ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။-

26. ဣသ​ရေ​လ​အ​မျိုး​ဖြစ်​သော​မု​ဆိုး​မ​အ​များ​ရှိ သော်​လည်း မည်​သူ့​ထံ​သို့​မျှ​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက်​ဧ​လိ​ယ​ကို​စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုံ ပြည်၊ ဇရတ္တ​မြို့​သူ​မု​ဆိုး​မ​ထံ​သို့​သာ​လျှင်​စေ လွှတ်​တော်​မူ​၏။-

27. ပ​ရော​ဖက်​ဧ​လိ​ရှဲ​လက်​ထက်​၌​လည်း​ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​ရေ​ဖျား​ရော​ဂါ​သည် အ​များ​ရှိ​သော်​လည်း​မည်​သူ​မျှ​သန့်​စင်​ခွင့် မ​ရ။ ရှု​ရိ​ပြည်​သား​နေ​မန်​သာ​လျှင်​ရ​၏'' ဟု​မိန့်​တော်​မူ​၏။

28. တ​ရား​ဇ​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား ကို​ကြား​သော​အ​ခါ​ပြင်း​စွာ​အ​မျက်​ထွက်​ကြ​၏။-

29. ထို​နောက်​ကိုယ်​တော်​အား​တောင်​ကမ်း​ပါး​မှ​တွန်း​ချ အံ့​သော​ငှာ​မြို့​တည်​ရာ​တောင်​ထိပ်​စွန်း​သို့​ခေါ် ဆောင်​သွား​ကြ​၏။-

30. သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​အ​လယ် မှ​လျှောက်​၍​ကြွ​သွား​တော်​မူ​၏။

31. ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်၊ က​ပေ​ရ​နောင်​မြို့ သို့​ရောက်​တော်​မူ​၏။ ဥ​ပုသ်​နေ့​၌​တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

32. ကိုယ်​တော်​၏​သွန်​သင်​ချက်​တွင်​တန်​ခိုး​အာ​ဏာ ပါ​သ​ဖြင့်​လူ​တို့​သည်​အံ့​သြ​ကြ​၏။-

33. တ​ရား​ဇ​ရပ်​ထဲ​တွင်​ညစ်​ညမ်း​သော​နတ်​ပူး​ဝင် နေ​သူ​တစ်​ယောက်​ရှိ​၏။-

34. ညစ်​ညမ်း​သော​နတ်​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ဘယ်​သို့​သက်​ဆိုင် တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ဖြစ်​ပါ​သည်'' ဟု​ကျယ်​စွာ ဟစ်​အော်​၏။

လုကာ 4