5. ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကို ဖြိုရကြမည်။လမ်းကောက်များကိုဖြောင့်စေ၍လမ်းကြမ်းများကို ချောမောပြေပြစ်စေရမည်။
6. လူအပေါင်းတို့သည်ဘုရားသခင်၏ကယ်တင်ခြင်း ကျေးဇူးကိုတွေ့မြင်ရကြလတ္တံ့' ဟုတောကန္တာရတွင်လူတစ်ယောက်သည် ကြွေးကြော်လျက်နေ၏။
7. ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
8. နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-