19. သို့ရာတွင်ဟေရုဒ်ဘုရင်သည်မိမိညီဖြစ်သူ၏ ဇနီးဟေရောဒိကိုသိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မိမိကူးလွန်ခဲ့သောအပြစ်အပေါင်း နှင့်ပတ်သက်၍လည်းကောင်းယောဟန်ကသူ့အား ဆုံးမခဲ့၏။-
20. ထိုနောက်ယောဟန်ကိုထောင်ထဲတွင်ချုပ်နှောင်ထား စေခြင်းဖြင့် ဟေရုဒ်သည်ကူးလွန်ပြီးခဲ့သည့် အပြစ်အပေါင်းတို့ထက်ဆိုးရွားသောအပြစ် ကိုကူးလွန်လေသည်။
21. လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
22. သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
23. အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-
24. ဧလိကားမဿတ်၏သား၊ မဿတ်ကားလေဝိ၏ သား၊ လေဝိကားမေလခိ၏သား၊ မေလခိကား ယန္န၏သား၊ ယန္နကားယောသပ်၏သားဖြစ်၏။-
25. ယောသပ်သည်မတ္တသိ၏သား၊ မတ္တသိသည်အာမုတ် ၏သား၊ အာမုတ်သည်နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည်န္ဂဲ၏သား၊ န္ဂဲ သည်မာအတ်၏သားဖြစ်၏။-
26. မာအတ်ကားမတ္တသိ၏သား၊ မတ္တသိကားရှေမိ၏ သား၊ ရှေမိကားယောသပ်၏သား၊ ယောသပ်ကား ယုဒ၏သား၊ ယုဒကားယောဟန္န၏သားဖြစ်၏။-
27. ယောဟန္နသည်ရေသ၏သား၊ ရေသသည်ဇေရုဗ ဗေလ၏သား၊ ဇေရုဗဗေလသည်ရှာလသေလ ၏သား၊ ရှာလသေလသည်နေရိ၏သား၊ နေရိသည် မေလခိ၏သား၊ မေလခိသည်အဒ္ဒိ၏သားဖြစ်၏။-
28. အဒ္ဒိကားကောသံ၏သား၊ ကောသံကားဧလ မောဒံ၏သား၊ ဧလမောဒံကားဧရ၏သား ဖြစ်၏။-
29. ဧရသည်ယောရှု၏သား၊ ယောရှုသည်ဧလျေဇာ ၏သား၊ ဧလျေဇာသည်ယောရိမ်၏သား၊ ယောရိမ် သည်မဿတ်၏သား၊ မဿတ်သည်လေဝိ၏သား ဖြစ်၏။-
30. လေဝိကားရှိမောင်၏သား၊ ရှိမောင်ကားယုဒ၏သား၊ ယုဒကားယောသပ်၏သား၊ ယောသပ်ကားယောနန် ၏သား၊ ယောနန်ကားဧလျာကိမ်၏သားဖြစ်၏။-
31. ဧလျာကိမ်သည်မေလေ၏သား၊ မေလေသည်မဲနန်၏ သား၊ မဲနန်သည်မတ္တသ၏သား၊ မတ္တသသည်နာသန်၏ သား၊ နာသန်သည်ဒါဝိဒ်၏သားဖြစ်၏။-