8. ထိုအခါအမျိုးသမီးများသည်ကိုယ်တော် မိန့်တော်မူခဲ့သောစကားများကိုပြန်သတိရ ၍၊-
9. သင်္ချိုင်းတော်မှမိမိတို့အိမ်သို့ပြန်ပြီးလျှင်တစ် ကျိပ်တစ်ပါးနှင့်တပည့်တော်အပေါင်းတို့အား ထိုအကြောင်းအရာအလုံးစုံကိုပြောကြား ကြ၏။-
10. တမန်တော်တို့အားဤသို့ပြောကြားသူများ ကားမာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင် ဖြစ်သူမာရိမှစ၍အခြားသောအမျိုးသမီး များဖြစ်သတည်း။-
11. သူတို့ပြောကြားသည့်စကားများသည်တမန် တော်တို့အတွက်ယုတ္တိမရှိသောကြောင့်တမန် တော်တို့သည်မယုံကြ။-