3. ဂူထဲသို့ဝင်ကြ၏။ သို့ရာတွင်အလောင်းတော် ကိုမတွေ့ရကြ။-
4. ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။-
5. အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။-
6. ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊-
7. `လူသားသည်အပြစ်ကူးသူတို့၏လက်သို့ အပ်ခြင်းခံရလိမ့်မည်။ လက်ဝါးကပ်တိုင်မှာတင် ၍အသတ်ခံရလိမ့်မည်။ ထိုနောက်တတိယနေ့၌ သေခြင်းမှရှင်ြုပန်ထမြောက်တော်မူလိမ့်မည်' ဟူ၍ သင်တို့အားပြောကြားခဲ့သည်ကိုသတိရကြ လော့'' ဟုဆို၏။