လုကာ 23:37-52 Common Language Bible (BCL)

37. ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​ပါ​မူ​သင့်​ကိုယ် ကို​ကယ်​တင်​ပါ​လော့'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။

38. ကိုယ်​တော်​၏​ဦး​ခေါင်း​အ​ထက်​တွင် ``ဤ​သူ​ကား ယု​ဒ​ရှင်​ဘု​ရင်​ပေ​တည်း'' ဟု​ကမ္ပည်း​ရေး​ထိုး ထား​ကြ​၏။

39. လက်​ဝါး​ကပ်​တိုင်​မှာ​ရိုက်​ဆွဲ​ထား​သော​ရာ​ဇ ဝတ်​သင့်​သူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​က ``သင် သည်​မေ​ရှိ​ယ​ပင်​မ​ဟုတ်​ပါ​လော။ သင့်​ကိုယ်​ကို လည်း​ကောင်း၊ ငါ​တို့​ကို​လည်း​ကောင်း​ကယ်​တင် ပါ​လော့'' ဟု​ကိုယ်​တော်​အား​ကဲ့​ရဲ့​ပြော​ဆို​၏။

40. အ​ခြား​ရာ​ဇ​ဝတ်​သင့်​သူ​က​ထို​သူ့​အား ``သင် သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ပါ​သ​လော။ ငါ တို့​သည်​ဤ​သူ​ကဲ့​သို့​ပင်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊-

41. ငါ​တို့​သည်​အ​ပြစ်​အ​လျောက် ထိုက်​သင့်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ဤ​အ​ရှင်​မှာ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်​ခဲ့'' ဟု​ပြော ဆို​ဆုံး​မ​၏။-

42. ထို​နောက်​သ​ခင်​ယေ​ရှု​အား ``အ​ရှင်​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​လျှောက်​၏။-

43. ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ပင်​သင်​သည်​ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ​တွင်​ရှိ​မည်'' ဟု​မိန့်​တော်​မူ​၏။

44. အ​ချိန်​ကား​မွန်း​တည့်​ချိန်​လောက်​ဖြစ်​၏။ ထို အ​ချိန်​မှ​စ​၍​မွန်း​လွဲ​သုံး​နာ​ရီ​အ​ထိ မြေ​တစ် ပြင်​လုံး​တွင်​နေ​ရောင်​အ​လင်း​ကွယ်​၍​မှောင် အ​တိ​ကျ​လေ​၏။-

45. ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​လည်း​နှစ်​ခြမ်း ကွဲ​လေ​၏။-

46. သ​ခင်​ယေ​ရှု​သည် ``အို အ​ဖ၊ ကိုယ်​တော်​ရှင်​၏ လက်​တော်​သို့​အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို​အပ်​ပါ​၏'' ဟု​ကျယ်​စွာ​ကြွေး​ကြော်​ပြီး​နောက်​အ​သက်​ချုပ် တော်​မူ​၏။

47. ဤ​အ​ဖြစ်​အ​ပျက်​ကို​တပ်​မှူး​သည်​တွေ့​မြင် လျှင် ``ဤ​သူ​ကား​အ​ကယ်​ပင်​သူ​တော်​ကောင်း ဖြစ်​၏'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လေ​၏။

48. ဤ​အ​မှု​အ​ရာ​ကို​ကြည့်​ရှု​ရန်​လာ​ကြ​ကုန်​သော လူ​ပ​ရိ​သတ်​တို့​သည် ထို​အ​ဖြစ်​အ​ပျက်​များ​ကို မြင်​သ​ဖြင့် မိ​မိ​တို့​ရင်​ကို​တီး​ခတ်​လျက်​ပြန် ကြ​၏။-

49. ဂါ​လိ​လဲ​ပြည်​မှ​ကိုယ်​တော်​၏​နောက်​သို့​လိုက် လာ​ကြ​သော​အ​မျိုး​သ​မီး​များ​အ​ပါ​အ​ဝင် ကိုယ်​တော်​ကို​သိ​ကျွမ်း​သူ​အ​ပေါင်း​တို့​သည် အ​ဝေး​မှာ​ရပ်​လျက်​ကြည့်​ရှု​နေ​ကြ​၏။

50-51. ယု​ဒ​ပြည်​အ​ရိ​မ​ဿဲ​မြို့​သား​ယော​သပ်​နာ​မည် ရှိ​သူ​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ရှိ ၏။ သူ​သည်​လူ​ကောင်း​လူ​ဖြောင့်​တစ်​ယောက်​ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့်​အ​ချိန် ကို​စောင့်​မျှော်​နေ​သူ​ဖြစ်​၏။ သူ​သည်​တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​ဖြစ်​သော်​လည်း တ​ရား​လွှတ်​တော် ၏​ဆုံး​ဖြတ်​ချက်​နှင့်​လုပ်​ဆောင်​ချက်​ကို​သ​ဘော မ​တူ​ခဲ့​ပေ။-

52. သူ​သည်​ပိ​လတ်​မင်း​၏​ထံ​သို့​သွား​၍​သ​ခင်​ယေ​ရှု ၏​အ​လောင်း​တော်​ကို​တောင်း​၏။-

လုကာ 23