လုကာ 23:3-15 Common Language Bible (BCL)

3. ပိ​လတ်​မင်း​က​ကိုယ်​တော်​အား ``သင်​သည်​ယု​ဒ ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည်​အ​တိုင်း​မှန် သည်'' ဟု​မိန့်​တော်​မူ​၏။

4. ထို​နောက်​ပိ​လတ်​မင်း​က ``ဤ​သူ​အား​စွဲ​ချက် တင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​လူ​အ​ပေါင်း တို့​အား​ဆို​၏။

5. သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် က​စ​၍ ယ​ခု​ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင်​ယု​ဒ ပြည်​အ​နှံ့​အ​ပြား​ဟော​ပြော​လျက် ပြည်​သူ​တို့ အား​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပါ​၏'' ဟု​ပို​၍​ပင်​အ​သံ​ကျယ်​စွာ​စွပ်​စွဲ​ကြ​၏။

6. ပိ​လတ်​မင်း​သည်​ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို ကြား​လျှင် ``ဤ​သူ​သည်​ဂါ​လိ​ပြည်​သား​ပေ လော'' ဟု​မေး​၏။-

7. ဟေ​ရုဒ်​အုပ်​စိုး​သော​ဂါ​လိ​လဲ​ပြည်​သား​ဖြစ် ကြောင်း​ကို​သိ​လျှင် ကိုယ်​တော်​အား​ဟေ​ရုဒ်​မင်း ထံ​သို့​ပို့​၏။ ထို​အ​ချိန်​အ​ခါ​သည်​ဟေ​ရုဒ်​မင်း ယေ​ရု​ရှ​လင်​မြို့​မှာ​ရောက်​ရှိ​နေ​သည့်​အ​ချိန် ဖြစ်​သ​တည်း။-

8. ဟေ​ရုဒ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​သော အ​ခါ​လွန်​စွာ​ဝမ်း​မြောက်​၏။ ကိုယ်​တော်​၏​သ​တင်း ကို​များ​စွာ​ကြား​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​အား တွေ့​မြင်​လို​သည်​မှာ​ကြာ​ပေ​ပြီ။ ကိုယ်​တော်​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​တစ်​စုံ​တစ်​ရာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​နေ​၏။-

9. ဟေ​ရုဒ်​မင်း​သည်​ကိုယ်​တော်​အား​မေး​ခွန်း​များ စွာ​မေး​သော်​လည်း ကိုယ်​တော်​က​ဖြေ​ကြား​တော် မ​မူ။-

10. ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ရှေ့​သို့​လာ​၍ ကိုယ်​တော်​အား​အ​ပြင်း အ​ထန်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။-

11. ဟေ​ရုဒ်​မင်း​နှင့်​သူ​၏​စစ်​သား​များ​သည်​ကိုယ် တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​ပြောင်​လှောင် ကြ​၏။ ထို​နောက်​တင့်​တယ်​သော​ဝတ်​လုံ​ကို ဝတ်​ပေး​ပြီး​လျှင် ကိုယ်​တော်​အား​ပိ​လတ် မင်း​ထံ​ပြန်​ပို့​လိုက်​၏။-

12. ယ​ခင်​က​ရန်​သူ​ဖြစ်​ခဲ့​ကြ​သည့်​ပိ​လတ် မင်း​နှင့်​ဟေ​ရုဒ်​မင်း​တို့​သည် ထို​နေ့​၌​ပြန်​၍ သင့်​မြတ်​သွား​ကြ​သ​တည်း။

13. ပိ​လတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ယု​ဒ​ခေါင်း​ဆောင်​များ​နှင့်​ယု​ဒ​အ​မျိုး​သား များ​အား​စု​ဝေး​စေ​၏။-

14. ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

15. ဟေ​ရုဒ်​မင်း​သည်​လည်း​မ​တွေ့။ ထို့​ကြောင့်​သူ့ ကို​ငါ့​ထံ​သို့​ပြန်​၍​ပို့​၏။ ဤ​သူ​သည်​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို မျှ​မ​ကူး​မ​လွန်​ခဲ့​ပေ။-

လုကာ 23