28. သခင်ယေရှုသည်ထိုအမျိုးသမီးများ၏ဘက် သို့လှည့်၍ ``ယေရုရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့်သင်တို့၏သား သမီးများအတွက်သာလျှင်ငိုကြွေးကြလော့။-
29. `ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-
30. ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။-