လုကာ 23:25-36 Common Language Bible (BCL)

25. ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု​တို့​အ​တွက် ထောင်​ကျ​သူ​အား သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လိုက်​၏။ သ​ခင်​ယေ​ရှု ကို​မူ​သူ​တို့​ပြု​လို​သည့်​အ​တိုင်း​ပြု​စေ​ရန်​အပ် လိုက်​၏။

26. စစ်​သား​တို့​သည်​ကိုယ်​တော်​ကို​ထုတ်​ဆောင်​သွား ကြ​စဉ် ကျေး​လက်​တော​ရွာ​မှ​လာ​သော​ကု​ရေ​နေ ပြည်​သား​ရှိ​မုန်​ကို​ဖမ်း​ဆီး​၍ သူ​၏​ပ​ခုံး​ပေါ် တွင်​လက်​ဝါး​ကပ်​တိုင်​ကို​တင်​ကြ​၏။ ထို​နောက် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​လျက်​သ​ခင် ယေ​ရှု​၏​နောက်​တော်​မှ​လိုက်​စေ​ကြ​၏။

27. လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​မှ​လိုက်​ကြ​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​မိ​မိ​တို့​ရင်​ကို တီး​ခတ်​ငို​ကြွေး​လျက်​လိုက်​ကြ​၏။-

28. သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​များ​၏​ဘက် သို့​လှည့်​၍ ``ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ငါ့​အ​တွက် မ​ငို​ကြွေး​ကြ​နှင့်။ သင်​တို့​နှင့်​သင်​တို့​၏​သား သ​မီး​များ​အ​တွက်​သာ​လျှင်​ငို​ကြွေး​ကြ​လော့။-

29. `က​လေး​မ​ရှိ​ခဲ့၊ နို့​မ​တိုက်​ခဲ့​သော​အ​မျိုး​သ​မီး များ​သည်​မင်္ဂ​လာ​ရှိ​၏' ဟု​ဆို​ရ​သည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။-

30. ထို​အ​ချိန်​၌​လူ​တို့​က​တောင်​များ​အား `ငါ​တို့ အ​ပေါ်​သို့​ပြို​လဲ​ကြ​ပါ' ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား `ငါ​တို့​ကို​ဖုံး​အုပ်​ကြ ပါ' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​လိမ့်​မည်။-

31. စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

32. လူ​တို့​သည်​ရာ​ဇ​ဝတ်​သင့်​သူ​လူ​နှစ်​ယောက်​ကို လည်း​ကိုယ်​တော်​နှင့်​အ​တူ​သတ်​ရန်​ထုတ်​ဆောင် သွား​ကြ​၏။-

33. ``ဦး​ခေါင်း​ခွံ'' ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက် သော​အ​ခါ​ကိုယ်​တော်​နှင့်​ရာ​ဇ​ဝတ်​သင့်​သူ​များ ကို​လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ကြ​၏။ ရာ ဇ​ဝတ်​သင့်​သူ​တစ်​ယောက်​ကို​လက်​ယာ​တော်​ဘက် တွင်​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​ကို​လက်​ဝဲ တော်​ဘက်​တွင်​လည်း​ကောင်း​ထား​၍​သတ်​ကြ​၏။-

34. သ​ခင်​ယေ​ရှု​က ``အို အ​ဖ၊ ထို​သူ​တို့​၏​အ​ပြစ် ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ပြု နေ​သည့်​အ​မှု​ကို​မ​သိ​ကြ​ပါ'' ဟု​မြွက်​ဆို တော်​မူ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ဝေ​ယူ​ကြ​၏။-

35. လူ​ပ​ရိ​သတ်​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ ယု​ဒ​ခေါင်း​ဆောင်​များ​သည် ``ဤ​သူ​သည်​အ​ခြား သူ​များ​အား​ကယ်​တင်​၏။ အ​ကယ်​၍​ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​မေ​ရှိ​ယ​ဖြစ်​ပါ​မူ မိ​မိ​ကိုယ် ကို​ကယ်​တင်​ပါ​လေ​စေ'' ဟု​ဆို​၍​ပြောင်​လှောင် ကြ​၏။-

36. စစ်​သား​များ​သည်​လည်း​ကိုယ်​တော်​အား​ပုံး ရည်​ကို​တိုက်​လျက်၊-

လုကာ 23