24. ပိလတ်မင်းသည်သူတို့တောင်းဆိုသည့်အတိုင်း စီရင်ချက်ချမှတ်လိုက်၏။-
25. ပုန်ကန်ထကြွမှုနှင့်လူသတ်မှုတို့အတွက် ထောင်ကျသူအား သူတို့တောင်းဆိုသည့်အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၏။ သခင်ယေရှု ကိုမူသူတို့ပြုလိုသည့်အတိုင်းပြုစေရန်အပ် လိုက်၏။
26. စစ်သားတို့သည်ကိုယ်တော်ကိုထုတ်ဆောင်သွား ကြစဉ် ကျေးလက်တောရွာမှလာသောကုရေနေ ပြည်သားရှိမုန်ကိုဖမ်းဆီး၍ သူ၏ပခုံးပေါ် တွင်လက်ဝါးကပ်တိုင်ကိုတင်ကြ၏။ ထိုနောက် လက်ဝါးကပ်တိုင်ကိုထမ်းစေလျက်သခင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။
27. လူပရိသတ်ကြီးသည်နောက်တော်မှလိုက်ကြ၏။ အမျိုးသမီးအချို့တို့သည်မိမိတို့ရင်ကို တီးခတ်ငိုကြွေးလျက်လိုက်ကြ၏။-
28. သခင်ယေရှုသည်ထိုအမျိုးသမီးများ၏ဘက် သို့လှည့်၍ ``ယေရုရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့်သင်တို့၏သား သမီးများအတွက်သာလျှင်ငိုကြွေးကြလော့။-
29. `ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။-
30. ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။-
31. စိမ်းစိုသောအပင်ကိုဤသို့ပြုကြပါမူ အပင်သည်ခြောက်သွေ့သောအခါမည်သို့ ဖြစ်လိမ့်မည်နည်း'' ဟုမိန့်တော်မူ၏။
32. လူတို့သည်ရာဇဝတ်သင့်သူလူနှစ်ယောက်ကို လည်းကိုယ်တော်နှင့်အတူသတ်ရန်ထုတ်ဆောင် သွားကြ၏။-
33. ``ဦးခေါင်းခွံ'' ဟုနာမည်တွင်သောအရပ်သို့ရောက် သောအခါကိုယ်တော်နှင့်ရာဇဝတ်သင့်သူများ ကိုလက်ဝါးကပ်တိုင်မှာတင်၍သတ်ကြ၏။ ရာ ဇဝတ်သင့်သူတစ်ယောက်ကိုလက်ယာတော်ဘက် တွင်လည်းကောင်း၊ အခြားတစ်ယောက်ကိုလက်ဝဲ တော်ဘက်တွင်လည်းကောင်းထား၍သတ်ကြ၏။-
34. သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။သူတို့သည်ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ဝေယူကြ၏။-
35. လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။-
36. စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊-
37. ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။
38. ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။