လုကာ 23:18-31 Common Language Bible (BCL)

18. လူ​ပ​ရိ​သတ်​အား​လုံး​က ``ဤ​သူ​ကို​သေ​ဒဏ် ပေး​ပါ။ အ​ကျွန်ုပ်​တို့​အ​တွက်​ဗာ​ရဗ္ဗ​ကို​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပါ'' ဟု​တစ်​ပြိုင်​နက် ဟစ်​အော်​ကြ​၏။-

19. (ဗာ​ရဗ္ဗ​ကား​မြို့​ထဲ​တွင်​ပုန်​ကန်​ထ​ကြွ​မှု​နှင့် လူ​သတ်​မှု​တို့​ဖြင့်​ထောင်​ကျ​ခံ​နေ​ရ​သူ​ဖြစ်​၏။)

20. ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​လို​၍​လူ​တို့​အား​တစ်​ဖန် တင်​ပြ​၏။-

21. သို့​ရာ​တွင်​လူ​တို့​သည် ``သူ့​ကို​လက်​ဝါး​ကပ်​တိုင် မှာ​တင်​၍​သတ်​ပါ၊ လက်​ဝါး​ကပ်​တိုင်​မှာ​တင်​၍ သတ်​ပါ'' ဟု​ဟစ်​အော်​ကြ​၏။

22. ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​ပြစ်​မှု​ကို ကူး​လွန်​သ​နည်း။ သူ့​အား​သေ​ဒဏ်​ပေး​ထိုက် သော​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့၊ သို့​ဖြစ်​၍​သူ့​ကို​ကြိမ်​ဒဏ်​ဖြင့်​ဆုံး​မ​၍​လွှတ် လိုက်​မည်'' ဟု​တ​တိ​ယ​အ​ကြိမ်​ဆို​၏။

23. သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား​လက်​ဝါး ကပ်​တိုင်​မှာ​တင်​၍​သတ်​ရန် အ​သံ​ကုန်​အော်​ဟစ် တောင်း​ဆို​ကြ​သ​ဖြင့်​နောက်​ဆုံး​၌​တောင်း​ဆို ချက်​ရ​သွား​၏။-

24. ပိ​လတ်​မင်း​သည်​သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း စီ​ရင်​ချက်​ချ​မှတ်​လိုက်​၏။-

25. ပုန်​ကန်​ထ​ကြွ​မှု​နှင့်​လူ​သတ်​မှု​တို့​အ​တွက် ထောင်​ကျ​သူ​အား သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လိုက်​၏။ သ​ခင်​ယေ​ရှု ကို​မူ​သူ​တို့​ပြု​လို​သည့်​အ​တိုင်း​ပြု​စေ​ရန်​အပ် လိုက်​၏။

26. စစ်​သား​တို့​သည်​ကိုယ်​တော်​ကို​ထုတ်​ဆောင်​သွား ကြ​စဉ် ကျေး​လက်​တော​ရွာ​မှ​လာ​သော​ကု​ရေ​နေ ပြည်​သား​ရှိ​မုန်​ကို​ဖမ်း​ဆီး​၍ သူ​၏​ပ​ခုံး​ပေါ် တွင်​လက်​ဝါး​ကပ်​တိုင်​ကို​တင်​ကြ​၏။ ထို​နောက် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​လျက်​သ​ခင် ယေ​ရှု​၏​နောက်​တော်​မှ​လိုက်​စေ​ကြ​၏။

27. လူ​ပ​ရိ​သတ်​ကြီး​သည်​နောက်​တော်​မှ​လိုက်​ကြ​၏။ အ​မျိုး​သ​မီး​အ​ချို့​တို့​သည်​မိ​မိ​တို့​ရင်​ကို တီး​ခတ်​ငို​ကြွေး​လျက်​လိုက်​ကြ​၏။-

28. သ​ခင်​ယေ​ရှု​သည်​ထို​အ​မျိုး​သ​မီး​များ​၏​ဘက် သို့​လှည့်​၍ ``ယေ​ရု​ရှ​လင်​မြို့​သူ​တို့၊ ငါ့​အ​တွက် မ​ငို​ကြွေး​ကြ​နှင့်။ သင်​တို့​နှင့်​သင်​တို့​၏​သား သ​မီး​များ​အ​တွက်​သာ​လျှင်​ငို​ကြွေး​ကြ​လော့။-

29. `က​လေး​မ​ရှိ​ခဲ့၊ နို့​မ​တိုက်​ခဲ့​သော​အ​မျိုး​သ​မီး များ​သည်​မင်္ဂ​လာ​ရှိ​၏' ဟု​ဆို​ရ​သည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။-

30. ထို​အ​ချိန်​၌​လူ​တို့​က​တောင်​များ​အား `ငါ​တို့ အ​ပေါ်​သို့​ပြို​လဲ​ကြ​ပါ' ဟူ​၍​လည်း​ကောင်း၊ တောင်​ကုန်း​များ​အား `ငါ​တို့​ကို​ဖုံး​အုပ်​ကြ ပါ' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​လိမ့်​မည်။-

31. စိမ်း​စို​သော​အ​ပင်​ကို​ဤ​သို့​ပြု​ကြ​ပါ​မူ အ​ပင်​သည်​ခြောက်​သွေ့​သော​အ​ခါ​မည်​သို့ ဖြစ်​လိမ့်​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

လုကာ 23