10. ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ရှေ့သို့လာ၍ ကိုယ်တော်အားအပြင်း အထန်စွပ်စွဲပြောဆိုကြ၏။-
11. ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-
12. ယခင်ကရန်သူဖြစ်ခဲ့ကြသည့်ပိလတ် မင်းနှင့်ဟေရုဒ်မင်းတို့သည် ထိုနေ့၌ပြန်၍ သင့်မြတ်သွားကြသတည်း။
13. ပိလတ်မင်းသည်ယဇ်ပုရောဟိတ်ကြီးများ၊ ယုဒခေါင်းဆောင်များနှင့်ယုဒအမျိုးသား များအားစုဝေးစေ၏။-
14. ထိုနောက် ``ဤသူသည်ပုန်ကန်ရန်ပြည်သူတို့ အားလှုံ့ဆော်သူဖြစ်သည်ဟုဆို၍ သူ့အား သင်တို့ငါ့ထံသို့ခေါ်ခဲ့ကြ၏။ သင်တို့ရှေ့ မှာပင်ငါစစ်ဆေးခဲ့၏။ သို့ရာတွင်သင်တို့ ဆိုသည့်အတိုင်းထိုသူအားစွပ်စွဲနိုင်ရန် အကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့။-
15. ဟေရုဒ်မင်းသည်လည်းမတွေ့။ ထို့ကြောင့်သူ့ ကိုငါ့ထံသို့ပြန်၍ပို့၏။ ဤသူသည်သေ ဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ရာကို မျှမကူးမလွန်ခဲ့ပေ။-
16. သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုဆို၏။-
17. (ပိလတ်မင်းသည်ပသခါပွဲ၌လူတို့အတွက် အကျဉ်းသားတစ်ယောက်ကိုလွတ်ငြိမ်းချမ်း သာခွင့်ပေးရမြဲဖြစ်သတည်း။)
18. လူပရိသတ်အားလုံးက ``ဤသူကိုသေဒဏ် ပေးပါ။ အကျွန်ုပ်တို့အတွက်ဗာရဗ္ဗကိုလွတ် ငြိမ်းချမ်းသာခွင့်ပေးပါ'' ဟုတစ်ပြိုင်နက် ဟစ်အော်ကြ၏။-
19. (ဗာရဗ္ဗကားမြို့ထဲတွင်ပုန်ကန်ထကြွမှုနှင့် လူသတ်မှုတို့ဖြင့်ထောင်ကျခံနေရသူဖြစ်၏။)
20. ပိလတ်မင်းသည်သခင်ယေရှုအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးလို၍လူတို့အားတစ်ဖန် တင်ပြ၏။-
21. သို့ရာတွင်လူတို့သည် ``သူ့ကိုလက်ဝါးကပ်တိုင် မှာတင်၍သတ်ပါ၊ လက်ဝါးကပ်တိုင်မှာတင်၍ သတ်ပါ'' ဟုဟစ်အော်ကြ၏။
22. ပိလတ်မင်းက ``သူသည်အဘယ်ပြစ်မှုကို ကူးလွန်သနည်း။ သူ့အားသေဒဏ်ပေးထိုက် သောအကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့၊ သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုတတိယအကြိမ်ဆို၏။
23. သို့ရာတွင်လူတို့သည်ကိုယ်တော်အားလက်ဝါး ကပ်တိုင်မှာတင်၍သတ်ရန် အသံကုန်အော်ဟစ် တောင်းဆိုကြသဖြင့်နောက်ဆုံး၌တောင်းဆို ချက်ရသွား၏။-