1. တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
2. ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
3. ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။
4. ထိုနောက်ပိလတ်မင်းက ``ဤသူအားစွဲချက် တင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့'' ဟုယဇ်ပုရောဟိတ်ကြီးများနှင့်လူအပေါင်း တို့အားဆို၏။
5. သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။
6. ပိလတ်မင်းသည်ဂါလိလဲဟူသောစကားကို ကြားလျှင် ``ဤသူသည်ဂါလိပြည်သားပေ လော'' ဟုမေး၏။-
7. ဟေရုဒ်အုပ်စိုးသောဂါလိလဲပြည်သားဖြစ် ကြောင်းကိုသိလျှင် ကိုယ်တော်အားဟေရုဒ်မင်း ထံသို့ပို့၏။ ထိုအချိန်အခါသည်ဟေရုဒ်မင်း ယေရုရှလင်မြို့မှာရောက်ရှိနေသည့်အချိန် ဖြစ်သတည်း။-
8. ဟေရုဒ်မင်းသည်သခင်ယေရှုကိုမြင်သော အခါလွန်စွာဝမ်းမြောက်၏။ ကိုယ်တော်၏သတင်း ကိုများစွာကြားခဲ့ရသဖြင့် ကိုယ်တော်အား တွေ့မြင်လိုသည်မှာကြာပေပြီ။ ကိုယ်တော်ပြ သည့်နိမိတ်လက္ခဏာတစ်စုံတစ်ရာကိုတွေ့ မြင်ရလိမ့်မည်ဟုမျှော်လင့်လျက်နေ၏။-
9. ဟေရုဒ်မင်းသည်ကိုယ်တော်အားမေးခွန်းများ စွာမေးသော်လည်း ကိုယ်တော်ကဖြေကြားတော် မမူ။-
50-51. ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။-