1. တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
2. ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
3. ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။