50. တပည့်တော်တစ်ယောက်သည်ယဇ်ပုရောဟိတ် မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုသူ ၏လက်ယာနားရွက်ပြတ်လေ၏။
51. ထိုအခါသခင်ယေရှုက ``တော်ပြီ'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ထိုသူ၏နားရွက်ကိုလက် တော်ဖြင့်တို့ထိတော်မူ၍အနာကိုပျောက်စေ တော်မူ၏။
52. ထိုနောက်သခင်ယေရှုကမိမိအားဖမ်းဆီးရန် ရောက်ရှိလာကြသည့်ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့်ဘာသာရေး ခေါင်းဆောင်များအား ``သင်တို့သည်ဋ္ဌားပြကိုဖမ်း သကဲ့သို့ငါ့ကိုဖမ်းရန်ဋ္ဌားများ၊ တုတ်များနှင့် လာကြသလော။-
53. ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။
54. ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။-
55. လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
56. ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။
57. သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။
58. ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။သို့ရာတွင်ပေတရုက ``အချင်းလူ၊ ထိုလူစု တွင်ငါမပါ'' ဟုဆို၏။
59. ထိုနောက်တစ်နာရီခန့်ကြာသောအခါအခြား လူတစ်ယောက်က ``ဤသူသည်ဂါလိလဲပြည် သားဖြစ်သဖြင့်ယေရှုနှင့်အပေါင်းအပါဖြစ် သည်ကိုယုံမှားစရာမရှိ'' ဟုအခိုင်အမာဆို၏။
60. သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။-
61. အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-
62. သို့ဖြစ်၍အပြင်သို့ထွက်ပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးလေ၏။
63. သခင်ယေရှုကိုစောင့်ကြပ်နေသူတို့က ကိုယ်တော်အားပြောင်လှောင်ရိုက်ပုတ်ကြ၏။-
64. မျက်နှာတော်ကိုဖုံးပြီးလျှင် ``အရှင့်အားမည် သူရိုက်ပုတ်သည်ကိုဟောတော်မူပါ'' ဟုဆို ကြ၏။-
65. အခြားစကားများဖြင့်လည်းကိုယ်တော်ကို စော်ကားကြ၏။
66. မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-