17. ငါ၏နာမကြောင့်သင်တို့ကိုလူအပေါင်းတို့ မုန်းကြလိမ့်မည်။-
18. သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-
19. သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
20. ယေရုရှလင်မြို့ကိုစစ်တပ်များဝိုင်းရံလျက်ရှိ သည်ကို သင်တို့မြင်သောအခါ ထိုမြို့ပျက်ခါ နီးပြီဟုသိမှတ်ကြလော့။-
21. ထိုအခါ၌ယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။ မြို့ထဲမှာရှိလူတို့မြို့ပြင် သို့ထွက်ကြစေ။ ကျေးလက်တောရွာမှာရှိသော သူတို့ကိုမြို့ထဲသို့မဝင်ကြစေနှင့်။-
22. အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။-
23. ထိုကာလ၌ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သားသည် မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။ ယုဒပြည်သည်အတိဒုက္ခရောက်၍ ပြည်သူတို့သည်အမျက်တော်သင့်ကြလိမ့် မည်။-
24. အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
25. ``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။-
26. လူတို့သည်ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သော ဘေးများကိုမြော်မြင်၍ကြောက်လန့်ကာမူး မော်လိမ့်မည်။ ကောင်းကင်နက္ခတ်တာရာတို့သည် တုန်လှုပ်ကြလိမ့်မည်။-
27. ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
28. ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။
29. ထိုနောက်ကိုယ်တော်သည် သူတို့အားပုံဥပမာ ဆောင်၍ ``သင်္ဘောသဖန်းပင်နှင့် အခြားသစ်ပင် တို့ကိုကြည့်ကြလော့။-
30. ထိုအပင်များရွက်နုပေါက်သောအခါ သင်တို့ သည်ကြည့်၍နွေရာသီနီးကြောင်းသိကြ၏။-
31. ထိုနည်းတူစွာဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်နီးပြီဟု သိမှတ်ကြလော့။
32. ``ငါအမှန်ဆိုသည်ကားဤအမှုအရာအလုံးစုံ တို့မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ သေလွန်ရလိမ့်မည်မဟုတ်။-
33. ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ၏စကားတည်လိမ့်မည်။
34-35. ``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
36. နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။