14. ထို့ကြောင့်မိမိတို့မည်သို့ချေပရမည်ကို မစိုးရိမ်ရန်ကြိုတင်၍စိတ်ပြဋ္ဌာန်းကြလော့။-
15. အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
16. သင်တို့အားမိဘဆွေမျိုးမိတ်သင်္ဂဟများက ရန်သူ့လက်သို့အပ်ကြလိမ့်မည်။ သင်တို့အနက် အချို့သောသူတို့ကိုသတ်ကြလိမ့်မည်။-
17. ငါ၏နာမကြောင့်သင်တို့ကိုလူအပေါင်းတို့ မုန်းကြလိမ့်မည်။-
18. သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-
19. သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
20. ယေရုရှလင်မြို့ကိုစစ်တပ်များဝိုင်းရံလျက်ရှိ သည်ကို သင်တို့မြင်သောအခါ ထိုမြို့ပျက်ခါ နီးပြီဟုသိမှတ်ကြလော့။-
21. ထိုအခါ၌ယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။ မြို့ထဲမှာရှိလူတို့မြို့ပြင် သို့ထွက်ကြစေ။ ကျေးလက်တောရွာမှာရှိသော သူတို့ကိုမြို့ထဲသို့မဝင်ကြစေနှင့်။-
22. အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။-