လုကာ 21:10-22 Common Language Bible (BCL)

10. ထို​နောက်​ကိုယ်​တော်​က ``လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​စစ်​ဖြစ်​ကြ​လိမ့်​မည်။-

11. နေ​ရာ​အ​နှံ့​အ​ပြား​တွင်​မြေ​င​လျင်​ပြင်း​ထန် စွာ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ အ​နာ​ရော​ဂါ ကပ်​သင့်​ခြင်း​တို့​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တွင် ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​နှင့်​ပုဗ္ဗ နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။-

12. သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။-

13. ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​သတင်း​ကောင်း ကို​ကြေ​ညာ​ရန်​အ​ခွင့်​ထူး​ရ​ကြ​လိမ့်​မည်။-

14. ထို့​ကြောင့်​မိ​မိ​တို့​မည်​သို့​ချေ​ပ​ရ​မည်​ကို မ​စိုး​ရိမ်​ရန်​ကြို​တင်​၍​စိတ်​ပြ​ဋ္ဌာန်း​ကြ​လော့။-

15. အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။-

16. သင်​တို့​အား​မိ​ဘ​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ​က ရန်​သူ့​လက်​သို့​အပ်​ကြ​လိမ့်​မည်။ သင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​ကို​သတ်​ကြ​လိမ့်​မည်။-

17. ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။-

18. သို့​ရာ​တွင်​သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​တစ်​ပင် မျှ​ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။-

19. သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

20. ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​တပ်​များ​ဝိုင်း​ရံ​လျက်​ရှိ သည်​ကို သင်​တို့​မြင်​သော​အ​ခါ ထို​မြို့​ပျက်​ခါ နီး​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-

21. ထို​အ​ခါ​၌​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ​မှာ​ရှိ​လူ​တို့​မြို့​ပြင် သို့​ထွက်​ကြ​စေ။ ကျေး​လက်​တော​ရွာ​မှာ​ရှိ​သော သူ​တို့​ကို​မြို့​ထဲ​သို့​မ​ဝင်​ကြ​စေ​နှင့်။-

22. အ​ဘယ်​ကြောင့်​ဆို​သော်​ထို​နေ့​ရက်​ကာ​လ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ​ဖြစ်​သော ကြောင့်​တည်း။ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ခဲ့​သည့် အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရာ​ကာ​လ​ပင်​ဖြစ်​၏။-

လုကာ 21