5. သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟုငါတို့ဆိုလျှင်`ယောဟန်ကို သင်တို့အဘယ်ကြောင့်မယုံကြည်ကြသနည်း' ဟုမေးလိမ့်မည်။-
6. သို့ရာတွင်လူတို့အခွင့်အာဏာအရဟု ငါတို့ဆိုလျှင် လူအပေါင်းတို့ကယောဟန် ကိုပရောဖက်တစ်ပါးဟုအမှန်ပင်ယုံကြည် ကြသဖြင့် ငါတို့အားခဲနှင့်ပေါက်ကြလိမ့် မည်'' ဟုအချင်းချင်းဆွေးနွေးကြ၏။-
7. ထို့ကြောင့်သူတို့က ``မည်သူ့အခွင့်အာဏာ အရပေးသည်ကိုအကျွန်ုပ်တို့မသိပါ'' ဟု ဖြေကြားကြ၏။
8. ထိုအခါသခင်ယေရှုက `ငါပြုသည့်အမှု အရာများကိုအဘယ်အခွင့်အာဏာအရ ပြုသည်ကိုလည်း သင်တို့အားငါမပြော' ဟု မိန့်တော်မူ၏။