5. သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟုငါတို့ဆိုလျှင်`ယောဟန်ကို သင်တို့အဘယ်ကြောင့်မယုံကြည်ကြသနည်း' ဟုမေးလိမ့်မည်။-
6. သို့ရာတွင်လူတို့အခွင့်အာဏာအရဟု ငါတို့ဆိုလျှင် လူအပေါင်းတို့ကယောဟန် ကိုပရောဖက်တစ်ပါးဟုအမှန်ပင်ယုံကြည် ကြသဖြင့် ငါတို့အားခဲနှင့်ပေါက်ကြလိမ့် မည်'' ဟုအချင်းချင်းဆွေးနွေးကြ၏။-
7. ထို့ကြောင့်သူတို့က ``မည်သူ့အခွင့်အာဏာ အရပေးသည်ကိုအကျွန်ုပ်တို့မသိပါ'' ဟု ဖြေကြားကြ၏။
8. ထိုအခါသခင်ယေရှုက `ငါပြုသည့်အမှု အရာများကိုအဘယ်အခွင့်အာဏာအရ ပြုသည်ကိုလည်း သင်တို့အားငါမပြော' ဟု မိန့်တော်မူ၏။
9. ထို့နောက်ကိုယ်တော်သည်လူတို့အားဤပုံ ဥပမာကိုမိန့်ကြားတော်မူ၏။ ကိုယ်တော် က ``လူတစ်ယောက်သည်စပျစ်ဥယျာဉ်တစ် ခုကိုစိုက်ပျိုး၍သီးစားချ၏။ ထိုနောက် နိုင်ငံရပ်ခြားသို့ကာလအတော်ကြာ သွား၍နေ၏။-
42-43. ဒါဝိဒ်မင်းကိုယ်တိုင်ပင်လျှင်ဆာလံကျမ်း၌`ထာဝရဘုရားကငါသည်သင်၏ရန်သူများ ကို သင့်ခြေတင်ခုံဖြစ်စေမည်။သို့မဖြစ်စေသေးမီကာလငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုငါ၏အရှင်အားမိန့်တော်မူ၏'ဟုဆိုချေသည်။-
44. ဒါဝိဒ်မင်းသည်မေရှိယကို `အရှင်' ဟုခေါ်သည် ဖြစ်ရာအသို့လျှင်မေရှိယသည်ဒါဝိဒ်၏သား မြေးဖြစ်နိုင်မည်နည်း'' ဟုမေးတော်မူ၏။
45. ကိုယ်တော်သည်လူပရိသတ်များနားထောင် နေစဉ်တပည့်တော်တို့အား။-
46. ``ကျမ်းတတ်ဆရာတို့ကိုသတိနှင့်ရှောင်ကြ လော့။ သူတို့သည်ဝတ်လုံများကိုဝတ်၍ပလွှား သွားလာလိုကြ၏။ စျေးရပ်ကွက်တွင်အလေး ပြုခြင်းကိုခံလိုကြ၏။ တရားဇရပ်များတွင် သီးသန့်ထားသောနေရာများကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများကိုလည်းကောင်းနှစ်သက်ကြ၏။-
47. မုဆိုးမများ၏အိမ်များကိုမတရားသိမ်း ယူပြီးလျှင်လူအထင်ကြီးစေရန်ရှည်လျား စွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့ သည်ပို၍ကြီးလေးသောအပြစ်ဒဏ်ကိုခံ ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။