21. သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
22. အကျွန်ုပ်တို့သည်ကဲသာဘုရင်အားအခွန် ဆက်အပ်သလော၊ မဆက်အပ်သလော'' ဟု မေးလျှောက်ကြ၏။
23. ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့်။-
24. ``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။
25. ကိုယ်တော်က ``ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အားဆက်ကြလော့။ ဘုရားသခင် ပိုင်သည့်အရာကိုဘုရားသခင်အားဆက်ကြ လော့'' ဟုမိန့်တော်မူ၏။
26. သူတို့သည်လူတို့ရှေ့၌ကိုယ်တော်၏စကား တွင်အမှားရှာ၍မရသဖြင့် ကိုယ်တော်ဖြေ ကြားတော်မူပုံကိုအံ့သြလျက်ဆိတ်ဆိတ် နေကြ၏။