1. တစ်နေ့သ၌ကိုယ်တော်သည်ဗိမာန်တော်တွင် လူတို့အားဆုံးမသြဝါဒပေး၍ သတင်း ကောင်းကိုဟောပြောလျက်နေတော်မူစဉ်ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ နှင့်ဘာသာရေးခေါင်းဆောင်များသည်အထံ တော်ကိုလာကြ၏။-
2. သူတို့က ``အရှင်သည်ဤအမှုအရာများ ကို အဘယ်အခွင့်အာဏာအရပြုတော်မူ ပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့်အား အဘယ်သူအပ်နှင်းပါသနည်း'' ဟုလျှောက် ထားမေးမြန်းကြ၏။
3. ကိုယ်တော်က ``ငါသည်လည်းသင်တို့အား မေးခွန်းတစ်ခုကိုမေးဦးမည်။-
4. ယောဟန်ဗတ္တိဇံပေးသည်မှာဘုရားသခင် ၏အခွင့်အာဏာအရလော၊ လူတို့၏အခွင့် အာဏာအရလော၊ ငါ့အားဖြေကြားကြ လော့'' ဟုမိန့်တော်မူ၏။
5. သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟုငါတို့ဆိုလျှင်`ယောဟန်ကို သင်တို့အဘယ်ကြောင့်မယုံကြည်ကြသနည်း' ဟုမေးလိမ့်မည်။-
6. သို့ရာတွင်လူတို့အခွင့်အာဏာအရဟု ငါတို့ဆိုလျှင် လူအပေါင်းတို့ကယောဟန် ကိုပရောဖက်တစ်ပါးဟုအမှန်ပင်ယုံကြည် ကြသဖြင့် ငါတို့အားခဲနှင့်ပေါက်ကြလိမ့် မည်'' ဟုအချင်းချင်းဆွေးနွေးကြ၏။-
7. ထို့ကြောင့်သူတို့က ``မည်သူ့အခွင့်အာဏာ အရပေးသည်ကိုအကျွန်ုပ်တို့မသိပါ'' ဟု ဖြေကြားကြ၏။
39-40. ကျမ်းတတ်ဆရာအချို့တို့သည်ထပ်မံ၍ ကိုယ်တော်အားမမေးမလျှောက်ဝံ့ကြ။ သူ တို့သည် ``ဆရာတော်၊ အရှင်မိန့်တော်မူသော စကားတို့သည်လျောက်ပတ်ပါသည်'' ဟု လျှောက်ထားကြ၏။
42-43. ဒါဝိဒ်မင်းကိုယ်တိုင်ပင်လျှင်ဆာလံကျမ်း၌`ထာဝရဘုရားကငါသည်သင်၏ရန်သူများ ကို သင့်ခြေတင်ခုံဖြစ်စေမည်။သို့မဖြစ်စေသေးမီကာလငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုငါ၏အရှင်အားမိန့်တော်မူ၏'ဟုဆိုချေသည်။-