လုကာ 2:40-47 Common Language Bible (BCL)

40. သူ​ငယ်​တော်​သည်​ကြီး​ပြင်း​သန်​စွမ်း​လာ​၏။ ဉာဏ်​ပညာ​တိုး​တက်​လာ​၏။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​လျက်​နေ​၏။

41. သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။-

42. သူ​ငယ်​တော်​သည်​အ​သက်​တစ်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​၌​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​၏။-

43. ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။-

44. ခ​ရီး​သည်​လူ​စု​ထဲ​တွင်​ပါ​လာ​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။ တစ်​နေ့​ခ​ရီး​ပြု​ကြ​ပြီး​မှ ဆွေ​မျိုး​အ​သိ​အ​ကျွမ်း​များ​ထဲ​တွင်​သူ​ငယ် တော်​ကို​ရှာ​ကြ​၏။-

45. မ​တွေ့​သ​ဖြင့်​ယော​သပ်​နှင့်​မာ​ရိ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​၍​ရှာ​ကြ​၏။ တ​တိ​ယ​နေ့​တွင်​သူ​ငယ် တော်​ကို​ဗိ​မာန်​တော်​အ​တွင်း​မှာ​တွေ့​ကြ​၏။-

46. သူ​သည်​ယု​ဒ​ဆ​ရာ​တော်​များ​နှင့်​အ​တူ​ထိုင် ကာ​သူ​တို့​၏​တ​ရား​စ​ကား​များ​ကို​ကြား​နာ လျက်၊ သူ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​လျက်​နေ​၏။-

47. သူ​ငယ်​တော်​၏​စ​ကား​ကို​ကြား​ကြ​သော​သူ အ​ပေါင်း​တို့​သည်​သူ​၏​အ​သိ​ပ​ညာ​နှင့်​ဖြေ ကြား​ချက်​များ​ကို​အံ့​သြ​ကြ​၏။-

လုကာ 2