26. ``သင်သည်ဘုရားသခင်ကတိထားတော်မူသော မေရှိယကိုမဖူးမမြင်ရမီမသေရ'' ဟုသန့်ရှင်း သောဝိညာဉ်တော်အားဖြင့်ဗျာဒိတ်ကိုခံယူရရှိ သူလည်းဖြစ်၏။-
27. သူသည်ဝိညာဉ်တော်နှိုးဆော်ခြင်းခံရသဖြင့် ဗိမာန်တော်ထဲသို့ဝင်လေသည်။ ပညတ်တရား အရဆောင်ရွက်စရာဝတ်ကိုဆောင်ရွက်ရန် မိဘ နှစ်ပါးတို့သည်သူငယ်တော်အားဗိမာန်တော် သို့ခေါ်ခဲ့ကြသောအခါ၊-
28. ရှုမောင်သည်သူငယ်တော်ကိုပွေ့ချီ၍ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးလျက်၊
29. ထာဝရဘုရား၊ကိုယ်တော်ရှင်၏ကတိတော် ပြည့်စုံပြီးဖြစ်၍၊ကိုယ်တော်ရှင့်ကျွန်သည်ငြိမ်သက်စွာ စုတေခွင့်ကိုပေးတော်မူပါ။
30-32. လူမျိုးခြားတို့အားကိုယ်တော်ရှင်၏အလိုတော်ကို ဖော်ပြသောအလင်းဖြစ်စေရန်နှင့်၊ကိုယ်တော်၏လူစုတော်ဖြစ်သောဣသရေလသည်ဂုဏ်အသရေထွန်းလင်းလာစေရန်၊ လူမျိုးအပေါင်းတို့ ရှေ့မှောက်တွင်ကိုယ်တော်ရှင်အသင့်ပြင်ဆင်ထားတော်မူသောကယ်တင်ခြင်းကျေးဇူးကို၊အကျွန်ုပ်သည်ဒိဋ္ဌတွေ့ မြင် ရပါပြီ'' ဟုမြွက်ဆို၏။
33. မိဘတို့သည်သူငယ်တော်နှင့်ပတ်သက်၍ ရှုမောင်ပြောဆိုသောစကားများကိုကြား သောအခါအံ့သြကြ၏။-