လုကာ 2:23-37 Common Language Bible (BCL)

23. သား​ဦး​မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊-

24. ချိုး​နှစ်​ကောင်​ကို​ဖြစ်​စေ၊ ခို​ငယ်​နှစ်​ကောင်​ကို ဖြစ်​စေ​ပူ​ဇော်​ရ​မည်​ဟူ​၍​လည်​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​ပညတ်​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​နှင့် အ​ညီ​ဆက်​ကပ်​ပူ​ဇော်​ကြ​၏။

25. ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှု​မောင်​နာ​မည် ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​တ​ရား ကြည်​ညို​သော​သူ​တော်​ကောင်း​တစ်​ဦး​ဖြစ်​၏။ ဣ​သ ရေ​လ​လူ​မျိုး​တို့​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ရန်​စောင့် မျှော်​နေ​သူ​တည်း။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ​နှင့်​အ​တူ​ရှိ​၏။-

26. ``သင်​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော မေ​ရှိ​ယ​ကို​မ​ဖူး​မ​မြင်​ရ​မီ​မ​သေ​ရ'' ဟု​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဗျာ​ဒိတ်​ကို​ခံ​ယူ​ရ​ရှိ သူ​လည်း​ဖြစ်​၏။-

27. သူ​သည်​ဝိညာဉ်​တော်​နှိုး​ဆော်​ခြင်း​ခံ​ရ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​လေ​သည်။ ပ​ညတ်​တ​ရား အ​ရ​ဆောင်​ရွက်​စ​ရာ​ဝတ်​ကို​ဆောင်​ရွက်​ရန် မိ​ဘ နှစ်​ပါး​တို့​သည်​သူ​ငယ်​တော်​အား​ဗိ​မာန်​တော် သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ၊-

28. ရှု​မောင်​သည်​သူ​ငယ်​တော်​ကို​ပွေ့​ချီ​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​လျက်၊

29. ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​က​တိ​တော် ပြည့်​စုံ​ပြီး​ဖြစ်​၍၊ကိုယ်​တော်​ရှင့်​ကျွန်​သည်​ငြိမ်​သက်​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။

30-32. လူ​မျိုး​ခြား​တို့​အား​ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို ဖော်​ပြ​သော​အ​လင်း​ဖြစ်​စေ​ရန်​နှင့်၊ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​သော​ဣ​သ​ရေ​လ​သည်ဂုဏ်​အ​သ​ရေ​ထွန်း​လင်း​လာ​စေ​ရန်၊ လူ​မျိုး​အ​ပေါင်း​တို့ ရှေ့​မှောက်​တွင်ကိုယ်​တော်​ရှင်​အ​သင့်​ပြင်​ဆင်​ထား​တော်​မူ​သောကယ်​တင်​ခြင်း​ကျေး​ဇူး​ကို၊အ​ကျွန်ုပ်​သည်​ဒိ​ဋ္ဌ​တွေ့ မြင် ရ​ပါ​ပြီ'' ဟု​မြွက်​ဆို​၏။

33. မိ​ဘ​တို့​သည်​သူ​ငယ်​တော်​နှင့်​ပတ်​သက်​၍ ရှု​မောင်​ပြော​ဆို​သော​စ​ကား​များ​ကို​ကြား သော​အ​ခါ​အံ့​သြ​ကြ​၏။-

34. ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊-

35. မိ​မိ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ပေါ်​လွင်​စေ​ကြ​လိမ့်​မည်။ သင်​၏​အ​သည်း​နှ​လုံး သည်​သန်​လျက်​ဖြင့်​အ​ခွင်း​ခံ​ရ​သ​ကဲ့​သို့​ဖြစ် လိမ့်​မည်'' ဟု​မယ်​တော်​မာ​ရိ​အား​မြွက်​ဆို​၏။

36. အာ​ရှာ​အ​နွယ်​ဝင်၊ ဖ​နွေ​လ​၏​သ​မီး၊ အန္န​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​ပ​ရော​ဖက်​တစ်​ပါး​ရှိ​၏။ သူ​သည်​များ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ ဖြစ်​၏။ ငယ်​ရွယ်​စဉ်​တွင်​အိမ်​ထောင်​ကျ​၍​ခု​နစ် နှစ်​မျှ​ခင်​ပွန်း​ဖြစ်​သူ​နှင့်​ပေါင်း​သင်း​ရ​၏။-

37. ထို​နောက်​အ​သက်​ရှစ်​ဆယ့်​လေး​နှစ်​တိုင်​အောင်​မု​ဆိုး မ​ဘ​ဝ​နှင့်​နေ​၏။ သူ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍ အ​စာ​ရှောင်​လျက် နေ့​ည​မ​လပ်​ဘု​ရား​ဝတ်​၌ မွေ့​လျော်​ကာ​ဗိ​မာန်​တော်​ထဲ​မှ​မ​ထွက်​မ​ခွာ ဘဲ​နေ​၏။-

လုကာ 2